IPE programme အတွက် အကြိုညှိနှိုင်း Zoom meeting
- Hits: 1051
IPE programme အတွက် အကြိုညှိနှိုင်း Zoom meeting
တိုင်းရင်းဆေးတက္ကသိုလ်တွင် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ကော်မတီက ဦးဆောင်ကျင်းပသော Zoom Meeting အခမ်းအနား တက်ရောက်
======================================
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်၊ ဗုဒ္ဓဟူးနေ့
---------------------------------------------------------------
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်၌ ယနေ့ (၁၅-၇-၂၀၂၀)ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လည် ၂:၀၀ နာရီတွင် ပါမောက္ခချုပ်များ ကော်မတီက အပတ်စဥ် ဦးဆောင်ကျင်းပသော ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၏ "Professional Ethic for Online Education" ခေါင်းစဥ်ဖြင့် Zoom Meeting အခမ်းအနားကို အခန်းအမှတ် (၁၀၆)၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)ဦးဝင်းစိုး၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသော တက္ကသိုလ်များမှ ဆရာဆရာမများက ဆွေးနွေးမေးမြန်းကြကာ အခမ်းအနားကို မွန်းလွဲ ၃:၄၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေး သို့
ညွန်ကြားရေးမှူးချုပ် လာရောက်ကြည့်ရှုစစ်ဆေးခြင်း
--------------------------------
၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ၊ ၇ရက်နေ့။မန္တလေးမြို့
---------------------------------------
အဆိုပါ အစည်းအဝေးကို တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး ၊ ခန်းမ (၂၀၂) တွင် နံနက် (၁၀:၀၀)၌ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းရင်းဆေးတက္ကသိုလ်မှ ခေတ္တပါမောက္ခ ချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ဒုတိယညွန်ကြား ရေးမှူးချုပ်ဒေါက်တာတင်တင်မိုး၊ ဒုတိယပါမောက္ခချုပ်များ၊ Honorable Professors များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးဆရာ၊ဆရာမများတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းဆေးတက္ကသိုလ်ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများ၏ အခြေအနေများ ၊ ပုံမှန်သင်တန်းနှင့် ဘွဲ့လွန်သင်တန်းတို့၏ သင်ကြားရေးဆိုင်ရာ အစီအစဉ်များအား တာဝန်ရှိသူများမှ တင်ပြခဲ့ကြရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပူးတွဲညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်မှ လမ်းညွန်မူပြုခဲ့ပါသည်။အဆိုပါအစည်းအဝေးကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာချောစုမောင်၊ မန္တလေးတိုင်းရင်းဆေးပညာဦးစီးမှူးဦးစန်းလွင်တို့တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
တိုင်းရင်းဆေးပညာရှင်များအဖွဲ့ TAG နှင့် ညွန်ကြားရေးမှူးချုပ်နှင့်တွေ့ဆုံခြင်း
၂၀၂၀ပြည့်နှစ်၊ ဇွန် လ၊ ၇ ရက်နေ့။ မန္တလေးမြို့။
တိုင်းရင်းဆေးပညာရှင်များ အဖွဲ့နှင့် ညွန်ကြားရေးမှူးချုပ် တွေ့ဆုံပွဲကို တိုင်းရင်းဆေးတက္ကသိုလ်၊ အစည်းအဝေးခန်းမ၌ မွန်းလွဲ (၁:၀၀)နာရီ အချိန် တွင်ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းရင်းဆေးပညာလောက ၌ကြုံတွေ့နေရသော အခက်အခဲများ၊ လိုအပ်ချက်များ ၊အကြံပြုချက်များကို တင်ပြဆွေးနွေးခဲ့ပြီး ညွန်ကြားရေးမှူးချုပ်မှ လိုအပ်ချက်များကို လမ်းညွန်ဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် ကျောင်းများပုံမှန်သင်တန်းပြန်ဖွင့်ချိန်တွင် COVID-19နှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များ အတိအကျလိုက်နာရန်၊ မိမိတို့ကျောင်းသည် မြန်မာနိင်ငံတွင် တစ်ကျောင်းတည်းရှိပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ အားလုံးစုပေါင်းလာကြမည်ဖြစ်၍ COVID-19 နှင့်ပတ်သက်၍ အလေးထားရန် ညွန်ကြားခဲ့ပါသည်။ ၎င်းနောက် တိုင်းရင်းဆေးတက္ကသိုလ်၏ တိုင်းရင်းဆေးပြတိုက်သို့ လှည့်လည်ကြည့်ရှုခဲ့ပါသည်။
၂၀၂၀ခုနှစ် ဇွန်လတွင် တိုင်းရင်းဆေးတက္ကသိုလ် သရုပ်ပြပရဆေးဉယျာဉ်အတွင်း ဆေးဖက်ဝင်အပင်များ တိုးချဲ့ စုဆောင်းမျိုးထိန်းစိုက်မျိုး
မန္တလေးမြို့ ပတ်ဝန်းကျင်ရှိ ပြင်စာရွာ ပတ်ဝန်းကျင်ဒေသများနှင့် မင်းဂံ ဘုတ်ရွာ အရှေ့ဘက်ရှိတောတောင်များမှ ဆေးဖက်ဝင်အပင်များ ကို ပရဆေးဥယျာဉ် ဌာနမှ ကွင်းဆင်းရှာဖွေစုဆောင်းခြင်း
Recents & Upcomings |
Recent News |
Visitors |
Today 47
Yesterday 95
Week 142
Month 1094
All 72244
Currently are 31 guests and no members online
2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.