Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကျင်းပ
------------------------------------
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ရက်
------------------------------------
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မြို့တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့နံနက် ၉း၁၅ နာရီတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နှင့် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးကောင်စီပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊
တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို)၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းဆေးညာရှင် ကိုယ်စားလှယ်များ၊
ဘာသာရပ်ဆိုင်ရာ နှီးနွယ်ပညာရှင်များ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် က အဖွင့်အမှာစကားပြောကြားပြီး
ပြသထားသော ပိုစတာများကို ကြည်ရှုအားပေးပါသည်။ ။

တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းစုစုပေါင်း(၂၁)စောင်နှင့် ပိုစတာ(၅) စောင်တို့ကို တင်သွင်း ဖတ်ကြားမည်ဖြစ် ပြီး ၂၇-၂-၂၀၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ရက်

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ကျင်းပပြုလုပ်မည့် ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို QR code မှ တဆင့် ဝင်ရောက် လေ့လာနိုင်ခြင်း
-----------------------------------------------------------------
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကို တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မြို့တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းစုစုပေါင်း(၂၁)စောင်နှင့် ပိုစတာ(၅) စောင်တို့ကို တင်သွင်း ဖတ်ကြားမည်ဖြစ်ပါသည်။

အဆိုပါ စာတမ်းဖတ်ပွဲနှင့် ပတ်သက်သော အကြောင်းအရာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Paperless website Link ဖြစ်သော https://event-mohs.gov.mm/?p=2957တွင် ထည့်သွင်းဖော်ပြထားမည် ဖြစ်ပါသဖြင့် စာတမ်းဖတ်ပွဲသို့ မတက်ရောက်နိုင်သည့် ပုဂ္ဂိုလ်များအနေဖြင့် အောက်ပါ QR code မှ တဆင့် ဝင်ရောက် လေ့လာနိုင်ကြောင်း သတင်းပေးဖော်ပြအပ်ပါသည်။

MoHS Paperless Workshop System Link:
https://event-mohs.gov.mm/?p=2957

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနား
၂၄-၂-၂၀၂၀ တနင်္လာနေ့ ညနေ ၃နာရီ

The 10th Traditional Medicine Research Congress ဒသမအကြိမ်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ
=============
ဖေဖေါ်ဝါရီလ (၂၆) ရက် နှင့် (၂၇)ရက်နေ့များတွင် တိုင်းရင်းဆေးတက္ကသိုလ်၌ ကျင်းပမည့် The 10th Traditional Medicine Research Congress ဒသမအကြိမ်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို တိုင်းရင်းဆေးတက္ကသိုလ် အခန်း(၁၀၆)၌ ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပသည်။

  1. မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ
  2. တိုင်းရင်းဆေး​တက္ကသိုလ် ၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခန်းအနား အစမ်းလေ့ကျင့်ခြင်း
  3. ဌာနမှူး/ဌာနတာဝန်ခံ အစည်းအဝေး နှင့် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပရေး အစည်းအဝေး
  4. (၁၄)ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင် ကျင်းပရေး အစည်းအဝေး
  5. တိုင်းရင်းဆေးတက္ကသိုလ်တွင် တိုင်းရင်းဆေးမိသားစု၏ ထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ
  6. မောင်မယ်သစ်လွင် ကြိုဆိုပွဲ နှင့် ကျောင်းသားပွဲတော်(၂၀၂၀)
  7. ဌာနမှူး ဌာနတာဝန်ခံများ အစည်းအဝေး
  8. Prof. Wang-Keun Too and party from Korea visited UTM
  9. Exam Board for Supple Exam(2020)
  10. မဟာ ပထမနှစ် နှင့် ပေါင်းကူး ပထမနှစ် ကျောင်းသား/သူများအား ကြိုဆိုနှုတ်ဆက်ပွဲ
  11. တက္ကသိုလ် ၁၈နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲ
  12. Strategic planning (2020) for UTM
  13. Closing ceremony of Outcome-Based Curriculum Development Workshop
  14. Outcome-based Curriculum Development Workshop Day III Evening Session
  15. Day III of Outcome-based Curriculum development workshop
  16. Outcome-based Curriculum Development Workshop Day II Works Time
  17. Outcome-based Curriculum Development Workshop Day II Programs
  18. Outcome-based Curriculum Development Workshop Group Tasks Day-1
  19. တိုင်းရင်းဆေးတက္ကသိုလ် တွင် Outcome-based Curriculum Development Workshop ကျင်းပ
  20. Myanmar-China TM exchange program အရ YUCM မှ Prof. Zhou Qing နှင့်အဖွဲ့ လာရောက်

 

Visitors

Today 111

Yesterday 162

Week 273

Month 3709

All 124116

Currently are 4 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.