တိုင်းရင်းဆေးတက္ကသိုလ် ၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခန်းအနား အစမ်းလေ့ကျင့်ခြင်းကို ယနေ့ (21/2/2020)သောကြာနေ့ နံနက် (၉)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပါသည်။
- Hits: 1261
တိုင်းရင်းဆေးတက္ကသိုလ် ၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခန်းအနား အစမ်းလေ့ကျင့်ခြင်းကို ယနေ့ (21/2/2020)သောကြာနေ့ နံနက် (၉)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပါသည်။
ဌာနမှူး/ဌာနတာဝန်ခံ အစည်းအဝေး နှင့် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပရေး အစည်းအဝေး
@အခန်း-၁၀၆, UTM
(၁၄)ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင် ကျင်းပရေး အစည်းအဝေး
==========
၁၀-၂-၂၀၂၀ တနင်္လာနေ့
@Room-106, UTM
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်၊ သောကြာနေ့
တိုင်းရင်းဆေးတက္ကသိုလ်တွင် တိုင်းရင်းဆေးမိသားစု၏ ထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ
=====================================
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်၊ ရှစ်မျက်နှာဘုရား ပရဝဏ်၌ ယနေ့ (၇-၂-၂၀၂၀)ရက်၊ မွန်းလွဲ ၁:၀၀ နာရီမှ စတင်ကာ Medical Education Unit မှ ဦးဆောင်ကျင်းပသော Personal and Professional Development Progamme (PPDP)၏ အစီအစဉ်ဖြင့် နှစ်စဉ် ကျင်းပမြဲဖြစ်သော တိုင်းရင်းဆေး မိသားစု ထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဝင်းဟန်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဦးဝင်းစိုး၊ ပါမောက္ခ ဌာနမှူး၊ ဌာနတာဝန်ခံများနှင့် ဆရာ ဆရာမများအားလုံး၊ မန္တလေး သင်ကြားရေး တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဉီးစန်းလွင်နှင့် ဆရာ၊ ဆရာမများ၊ မန္တလေး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး စက်ရုံမှ ဝန်ထမ်းများ၊ တိုင်းရင်းဆေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော အလုပ်သင်ဆရာ၊ ဆရာမများနှင့် အတန်းစုံမှ ကျောင်းသား ကျောင်းသူများအားလုံး တက်ရောက်ခဲ့ကြသည်။
ဤအခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သိန်းဇော်လင်းက ဆောင်ရွက်ပြီး၊ Presenter အဖြစ် ဦးမြင့်အေး (လက်ထောက် ကထိက၊ ဓာတုဗေဒဌာန)က ဆောင်ရွက်ခဲ့သည်။ အမှတ်ပေးဒိုင်များအဖြစ် ဒုတိယပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးနှင့် ဌာနမှူးများက ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲဝင် ဆရာ၊ ဆရာမများ၊ အတန်းအသီးသီးမှ ကျောင်းသားကျောင်းသူများ၊ ဆေးရုံမှ ဆရာ၊ ဆရာမများ၊ ဆေးဝါးစက်ရုံမှ ဝန်ထမ်းများ တပြိုင်နက် တပျော်တပါး ယှဥ်ပြိုင်ကြသည်။
ဆုပေးပွဲတွင် အမှတ်အများဆုံး အစဥ်လိုက်ရရှိသည့် အသင်းများကို ကြေငြာကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု၊ ပဉ္စမဆု၊ ဆဌမဆု၊ သတ္တမဆုနှင့် အဋ္ဌမဆုများအထိ သတ်မှတ်၍ ချီးမြှင့်ခဲ့ကြပြီး တပျော်တပါး ထမနဲ စားကြရင်း အခမ်းအနားကို မွန်းလွဲ ၃:၄၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မောင်မယ်သစ်လွင် ကြိုဆိုပွဲ နှင့်
ကျောင်းသားပွဲတော်(၂၀၂၀)@UTM
31-1-2020(Friday)
Recents & Upcomings |
Recent News |
Visitors |
Today 25
Yesterday 95
Week 120
Month 1072
All 72222
Currently are 13 guests and no members online
2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.