Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

၂၀၂၂ ခုနစ် နိုဝင်ဘာ လ (၂၁) ရက်နေ့၊ နံနက် (၁၀:၀၀)အချိန် တိုင်းရင်းဆေးတတက္ကသိုလ် အခန်းအမှတ်(၂၀၂)တွင် ဆေးနှင့်ဆေးဘက်နှီးနွယ်တက္ကသိုလ်များ၏ Fresher Welcome (11/2022)(ပထမနှစ် သင်တန်း)ကို Zoom Application ဖြင့် ကျင်းပခဲ့ပါသည်။  ယင်းအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က အမှာစကားပြောကြားပြီး၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ မော်ကွန်းထိန်း ဦးမြင့်အေး၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/မများနှင့် (၁၁/၂၀၂၂) ပထမနှစ် ကျောင်းသား/သူများနှင့် အတန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။   (၁၁/၂၀၂၂)သစ်လွင်ကြိုဆိုပွဲအခမ်းအနား (၁၁:၃၀)နာရီတွင် ပြီးစီးပါသည်။

ယခုနှစ် တိုင်းရင်းဆေးတတက္ကိသိုလ်ဝင်ခွင့်ရ အနိမ့်ဆုံးအမှတ်(၃၅၂)သတ်မှတ်ထားပြီး စာတွေ့လက်တွေ့(၄)နှစ်နှင့်အလုပ်သင်(၁)နှစ်တက်ရောက်ရမည်ဖြစ်ပါသည်။

#HMK

တိုင်းရင်းဆေးမိသားစု၏(၄၅)ကြိမ် မဟာဘုံကထိန်အလှူတော်မင်္ဂလာကို ယနေ့(၃-၁၁-၂၀၂၂)ရက်နေ့ နံက် (၉း၃၀)အချိန်တွင် မန္တလေးတော်ခြေ၊ ဥဿာပရိပတ္တိစာသင်တိုက်တွင် ခင်းကျင်းလှူဒါန်းခဲ့ရာ ဥူးသုန္ဒရဆရာတော်အမှူးရှိသော ရဟန်းသာမဏေ အပါး(၈၈)ပါးအား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေကျပ် (၅,၃၉၅,၀၀၀) တိတိကို လှူဒါန်းပူဇော်ခဲ့ပါသည်။ 

ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းမှုအစုစုကို မန္တလေးမြို့ ပေါင်းလဲတိုက် အနန္တာဂုဏ်ရည်ကျောင်းတိုက် တိုက်အုပ်ဆရာတော်ကြီး ဥူးဇဝနဘိဝံသ ဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားတော်များ ဟောကြားချီးမြှင့်ခဲ့ရာ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းနှင့်ဇနီးဒေါ်မျိုးသီတာအေး၊ စက်ရုံမှူး ဦးသန်းထွန်းအောင်၊ ဒု-ဆေးရုံအုပ် ဒေါ်သိန်းထိုက် ၊ မန္တလေးတိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါ်ချိုသဲလတ် နှင့် တိုင်းရင်းဆေးဆရာအသင်းမှ ဆရာဦးသင်းနှင့် တိုင်းရင်းဆေးမိသားစု ဆရာ/မများ ဝန်ထမ်းများအားလုံးက တရားတော်ကို နာယူကာ ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။

#HMK

 

 

 ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက် နေ့လယ် ၂:၃၀ နာရီက တက္ကသိုလ် အခန်းအမှတ် ၂၀၂ တွင် ပါမောက္ခချုပ် နှင့်  professor emeritus များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊  မဟာတန်းတက်ရောက်လျက်ရှိသော သင်တန်းသား/သူများ၊ ပေါင်းကူး သင်တန်းသား/သူများ စုပေါင်းလျက် လက်ရှိ ကမ္ဘာတွင် ကူးစက်ပြန့်ပွါး လျက်ရှိသည့် မျောက်ကျောက်(Monkeypox) ရောဂါအကြောင်း ကို တိုင်းရင်းဆေးမဟာသင်တန်းသူတစ်ဦးက သိပ္ပံအမြင်၊ အနောက်တိုင်းဆေးအမြင်၊ တိုင်းရင်းဆေးအမြင်များ၊ ကုထုံးများ၊ ရှောင်ရန် ဆောင်ရန်အချက်များကို ဆွေးနွေးပြီး တက်ရောက်လာသော ဆရာ/မ များက ဝိုင်းဝန်းဆွေးနွေးကာ အခမ်းအနားကို ညနေ ၅:၀၀ တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မျောက်ကျောက်ရောဂါကို တိုင်းရင်းဆေးပညာဖြင့် စနစ်တကျ ကုသပေးနိုင်ရေး တိုင်းရင်းဆေးပညာဦးစီးဌာနသို့ ဆက်လက် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါသည်။

#HMK

(၄၂)ကြိမ်မြောက် တိုင်းရင်း‌ဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့ နေ့လည်(၂)နာရီ အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ် အခန်း(၂၀၂) တွင် ကျင်းပခဲ့ပါသည်။ 

ယင်းအခမ်းအနားပူဇော်လှူဒါန်းပွဲတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်‌ရေးစက်ရုံ၊ စက်ရုံမှူး၊ ဦးသန်းထွန်းအောင်၊ခုတင်(၁၀၀)ဆံ့သင်ကြားရေးတိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ်၊ ဒေါ်မိုးသီတာဝင်း၊ တိုင်းဒေသကြီးဒုတိယဦးစီးဌာနမှူး၊ ဒေါ်ချိုသဲလတ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယပါမောက္ခများ၊ ကထိက/ဌာနမှူးများ၊ ဆရာ/မများ ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းဆေးမိသားစုဝန်ထမ်းများ တက်‌ရောက်ခဲ့ကြပါသည်။ 

သီတဂူဗုဒ္ဓတက္ကသိုလ်မှ ကျောင်းအုပ်ဆရာ‌တော်ကြီးထံမှ ငါးပါးသီလခံယူခဲ့ပြီး ဆရာတော်သံဃာတော်ရှင်သူမြတ်(၁၁)ပါးတို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေအစုစုတို့ကို ရေစက်သွန်းချ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

#HMK

 (၁၁)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်း/ပိုစတာ စာတမ်းများ ဖတ်ပွဲ ကို တိုင်းရင်းဆေးတက္ကသိုလ်မန္တလေးတွင် ၂၇~၂၈-၇-၂၀၂၂ ရက်နေ့ထိ (၂)ရက် ကျင်းပခဲ့ရာ စာတမ်းပေါင်း( တိုင်းရင်းဆေး/သိပ္ပွံ /ကျန်းမာရေးစနစ်)သုတေသနစာတမ်းများ (၂၂)စောင်ဖတ်ကြားခဲ့ပြီး ပိုစတာ (၆)ခုပြသခဲ့ပါသည်။ စာတမ်းများဖတ်ကြားမှုအပြီးတွင် စာတမ်းအကောင်းဆုံး (တိုင်းရင်းဆေး/သိပ္ပွံ /ကျန်းမာရေးစနစ်)  တိုင်းရင်းသုတေသန(ပထမ)ဆုအား ဦးလှမျိုးဝင်းနှင့်အဖွဲ့ က  Elemental analysis of Gandhaka Bhasma (kant-Pyar) and its acute and Sub-acute toxicity study စာတမ်းဖြင့်လည်းကောင်း၊ သိပ္ပံ သုတေသန(ပထမ)ဆုအား ဒေါက်တာအိအိထွေးနှင့်အဖွဲ့က Determination of total phenolic content and in vitro antioxidant activity of Asparagus racemosus Willd. (ရှဉ့်မတက်) စာတမ်းဖြင့်လည်းကောင်း၊ ကျန်းမာရေးသုတေသန(ပထမ)ဆုအား ဦးမြင့်ခိုင်နှင့်အဖွဲ့က ကျိုင်းတုံမြို့(၂၅)ကုတင်တိုင်းရင်းဆေးရုံတွင် လာရောက်ကုသမှုပေးခဲ့သောခါးနာရောဂါကိုလေ့လာခြင်းစာတမ်းဖြင့်လည်းကောင်းဆုများရရှိခဲ့ပြီး ကဏ္ဍအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။ ပိုစတာအကောင်းဆုံး (တိုင်းရင်းဆေး/သိပ္ပွံ /ကျန်းမာရေးစနစ်) ဟူ၍ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်...

  1. "ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံသို့ သွားရောက်လေ့လာခြင်း''
  2. ''တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း''
  3. Fresher Welcome (5/2022) ကျင်းပခြင်း
  4. ၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့အန္တရာယ်ကင်းရွတ်ဖတ်ပူဇော်ပွဲ
  5. အ​အေးမိ၊ တုပ်​ကွေး၊ ဖျားနာ ကာကွယ်ဆေးလက်ဖက် ခြောက်ထုပ် များ ပေးဝေငှခြင်း
  6. Covid လူနာများ ​သောက်ရန် တိုင်းရင်း​ဆေးတက္ကသိုလ် ​ဆေးဝါး​ဗေဒ ဌာနက ​ဖော်စပ်ထုတ်လုပ်ထား​သော ဆေးလဘက်​ခြောက်
  7. Weekly internal(departmental) international journal reading
  8. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသန စာတန်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ
  9. Participating in IPE program in Medical and allied universities in Mandalay as a UTM participant
  10. တိုင်းရင်းဆေးတက္ကသိုလ် ဆေးပညာဌာနမှ ဌာနတွင်း Journal Reading ပြုလုပ်။
  11. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသန စာတန်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ
  12. Weekly internal(departmental) international journal reading
  13. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် “Professional Development for Educators” ခေါင်းစဥ်အား Zoom Application ဖြင့် သင်တန်းပို့ချ
  14. ဆိတ်ကွယ်နေသော အသံများ အစီရင်ခံစာနှင့် (၃၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးကာလဖြတ်အလိုက် ဆန်းစစ်သုံးသပ်ခြင်းအကြောင်း အွန်လိုင်းမှ တစ်ဆင့် ရှင်းလင်း
  15. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ကော်မတီက ဦးဆောင်ကျင်းပသော Zoom Presentation အခမ်းအနား တက်ရောက်
  16. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် “Professional Development for Educators” ခေါင်းစဥ်အား Zoom Application ဖြင့် သင်တန်းပို့ချ
  17. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Library Solution, Data Center and Infrastructure for Higher Education (Online Event) ကျင်းပ
  18. တိုင်းရင်းဆေးတက္ကသိုလ် အကြောအရိုးအဆစ်ပညာဌာန Journal Reading
  19. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Internal Protocol board တတိယနေ့ ဆက်လက်ကျင်းပ
  20. တိုင်းရင်းဆေးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာန Journal Reading

 

Visitors

Today 85

Yesterday 229

Week 622

Month 2742

All 123149

Currently are 24 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.