Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

၂၀၂၂ခုနှစ် ဇွန် လ (၆)ရက်နေ့တွင် တိုင်းရင်းဆေးတက္ကသိုလ်၏ (၅/၂၀၂၂) ပညာသင်နှစ် ပထမနှစ် ကျောင်းသား/သူများ သည် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်း‌ဇော်လင်း၊

ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဌေးလွင် ၊ ပါမောက္ခခင်သန်းဝေတို့နှင့်အတူ ခုတင်(၁၀၀)ဆံ့သင်ကြားရေး တိုင်းရင်းဆေးရုံကြီးသို့ ဆေးကုသမှုများ ကို သွားရောက်လေ့လာခဲ့ပါသည်။

 

တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း

၂၀၂၂ခုနှစ်၊ မေလ (၃၀)ရက် နံနက် (၉း၀၀)နာရီအချိန်၌ အခန်း(၂၀၂)တွင်  မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ် (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့်အတူ ဘာသာရပ်ဆိုင်ရာ Dean များအား မိတ်ဆက် ပေးခြင်း၊ ကျောင်းသား/သူများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ဆေးပညာပါမောက္ခ ဌေးလွင် က တိုင်းရင်းဆေးပညာဘာသာရပ် ဆိုင်ရာ ပါမောက္ခဌာနမှူးများ၊ ဒုတိယပါမောက္ခများကို မိတ်ဆက်ပေးပြီး မောင်/မယ်များ ကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ အနောက်တိုင်းဆေးပညာဌာန များကိုယ်စား ဇီဝကမ္မ/ဇီဝဓါတုဗေဒဌာနမှ ကထိက/ဌာနမှူး၊ ဒေါက်တာမြသီတာဖြူက လည်းကောင်း၊ ဝိဇ္ဇာသိပ္ပံဌာနများကိုယ်စား သတ္တဗေဒဌာနမှ ကထိက/ဌာနမှူး၊ ဒေါက်တာသိင်္ဂီနိုင် ကလည်းကောင်း အသီးသီး ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက  ဂုဏ်ထူးဆောင်ပါမောက္ခ ဆရာကြီး/မများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်အတူ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး နောက် (၅/၂၀၂၂) ပညာသင်နှစ် King & Queen ရွေးချယ်ပွဲ ဆက်လက် ကျင်းပခဲ့ပါသည်။

ဆေးနှင့်ဆေးဘက်နှီးနွယ်တက္ကသိုလ်များ၏  ၂၀၂၂ ခုနစ် မေ လ (၁၈) ရက်နေ့၊ နံနက် (၉း၄၅)အချိန်တွင် ZOOM Application ဖြင့် ကျင်းပသော Fresher Welcome (5/2022) တွင်
ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က အမှာစကားပြောကြားပြီး ၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/မများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဝင်းဟန်၊

ပါမောက္ခ/ဌာနမှူးများ၊ဒုတိယပါမောက္ခများ၊ ကထိက /ဌာနမှူး များ၊ ဆရာ/မများနှင့် ဝန်ထမ်းများကျောင်းသားကျောင်းသူများ

စုပေါင်း၍ ပရိတ်တရားများ နာယူခဲ့ကြသည်။

  

တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ မော်ကွန်းထိန်း တို့က ဆရာ/မများ၊ ဝန်ထမ်းများအားလုံးအတွက်
တိုင်းရင်း​ဆေးတက္ကသိုလ်၊ ​ဆေးဝါး​ဗေဒဌာနမှဦးစီးထုတ်လုပ်​သော "ကာကွယ် ဆေးလက်ဖက်​ခြောက်ထုပ် များ ပေးဝေခြင်း" အား   (၇-၁၂-၂၀၂၀) ရက်နေ့နံနက် (၁၀)နာရီအချိန်တွင် ပေးဝေခဲ့ပါသည်။..

 

 

  1. Covid လူနာများ ​သောက်ရန် တိုင်းရင်း​ဆေးတက္ကသိုလ် ​ဆေးဝါး​ဗေဒ ဌာနက ​ဖော်စပ်ထုတ်လုပ်ထား​သော ဆေးလဘက်​ခြောက်
  2. Weekly internal(departmental) international journal reading
  3. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသန စာတန်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ
  4. Participating in IPE program in Medical and allied universities in Mandalay as a UTM participant
  5. တိုင်းရင်းဆေးတက္ကသိုလ် ဆေးပညာဌာနမှ ဌာနတွင်း Journal Reading ပြုလုပ်။
  6. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသန စာတန်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ
  7. Weekly internal(departmental) international journal reading
  8. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် “Professional Development for Educators” ခေါင်းစဥ်အား Zoom Application ဖြင့် သင်တန်းပို့ချ
  9. ဆိတ်ကွယ်နေသော အသံများ အစီရင်ခံစာနှင့် (၃၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးကာလဖြတ်အလိုက် ဆန်းစစ်သုံးသပ်ခြင်းအကြောင်း အွန်လိုင်းမှ တစ်ဆင့် ရှင်းလင်း
  10. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ကော်မတီက ဦးဆောင်ကျင်းပသော Zoom Presentation အခမ်းအနား တက်ရောက်
  11. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် “Professional Development for Educators” ခေါင်းစဥ်အား Zoom Application ဖြင့် သင်တန်းပို့ချ
  12. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Library Solution, Data Center and Infrastructure for Higher Education (Online Event) ကျင်းပ
  13. တိုင်းရင်းဆေးတက္ကသိုလ် အကြောအရိုးအဆစ်ပညာဌာန Journal Reading
  14. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Internal Protocol board တတိယနေ့ ဆက်လက်ကျင်းပ
  15. တိုင်းရင်းဆေးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာန Journal Reading
  16. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Imternal Protocol board ဒုတိယနေ့ ဆက်လက်ကျင်းပ
  17. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Protocol board ကျင်းပ
  18. Training on Trainer Workshop On IPE Core Competencies ကျင်းပဆောင်ရွက်ခြင်း
  19. MMTM, Second Year, Case Presentation စာတမ်းဖတ်ကြားခြင်း
  20. တိုင်းရင်းဆေးမိသားစု၏ (၄၁)ကြိမ် မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

Visitors

Today 133

Yesterday 213

Week 133

Month 1949

All 134607

Currently are 19 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.