Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

(၁၂) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်းအခမ်းအနား

မန္တလေး၊ ၂၀၂၃ခုနှစ် ဩဂုတ်လ ၇ ရက်နေ့။

(၁၂)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ကျင်းပရာ  အခမ်းအနားသို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊  အိန္ဒိယနိုင်ငံမှ အထူးဖိတ်ကြားထားသော အာယုဗ္ဗေဒဆေးပညာ ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ‌Dr. Manoj Nesari, Advisor of Ayurveda, Ministry of Ayush, Government of India၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်သည်။   

အခမ်းအနားကို နဝရတ် ကတိသစ္စာ သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် သဘာပတိ၊ ကျန်းမာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက အဖွင့်အမှာစကား ပြောကြားရာ တွင်  တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲများသည် မြန်မာ့တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးပါသည့် ခြေလှမ်းများဖြစ်ကြပြီး သုတေသန တွေ့ရှိချက်များအရ မြန်မာ့တိုင်းရင်း ဆေးများသည် အမှန်တကယ်အကျိုးအာနိသင်ရှိ၍ ဘေးထွက်ဆိုးကျိုး ကင်းစင်ကြောင်းကို  အများ ပြည်သူသိရှိစေရေး သိသာထင်ရှားစွာ‌ဖော်ထုတ်တင်ပြနိုင်သည့် ဆောင်ရွက်မှုများဖြစ်ကြောင်း၊ တိုင်း ရင်းဆေးသုတေသနများကို ဆောင်ရွက်ရန် နိုင်ငံတော်မှ အလေးထားအားပေးချီးမြှောက်နေသည့် ယခုအချိန်တွင် တာဝန်ရှိသူများနှင့် သုတေသီများကလည်း သုတေသနကျင့်ဝတ်နှင့်အညီ သုတေ သနလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ တိုင်းရင်းဆေးကဏ္ဍ တိုးတက်စေရေး ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပသည့် (၁၂)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ၏ ရည်ရွယ်ချက်များအနေဖြင့် (က) မြန်မာ့တိုင်းရင်းဆေးပညာရပ်အား အတွေ့အကြုံအခြေပြု ဆေးပညာရပ်မှ သက်သေအထောက် အထားပြု ဆေးပညာရပ်အဖြစ်သို့ ပြောင်းလဲတိုးတက်လာစေရန်၊ (ခ) ပြည်သူလူထု၏အဓိက ကျန်း မာရေးပြဿနာများကို မြန်မာ့တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများဖြင့် ထိရောက်စွာ ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးကုထုံးအသစ်နှင့် ဆေးဝါးအသစ်များ ပေါ်ထွက်လာစေရန်၊ (ဂ) အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာ စေရေးအတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်နှင့် (ဃ)ပြည်သူ လူထုအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေးကောင်းမွန်၍ အသုံးချနိုင်သော တိုင်းရင်း ဆေးသုတေသနများ ဆက်လက်ဆောင်ရွက်နိုင်စေရန်အတွက် သုတေသနဆိုင်ရာ ယဉ်ကျေးမှု ဖွံ့ ဖြိုး တိုးတက်လာစေရန်၊ တိုင်းရင်းဆေးသုတေသန လုပ်ငန်းများနှင့် သုတေသနစာတမ်းဖတ်ပွဲများ စဉ် ဆက်မပြတ်ပြုလုပ်နိုင်ရန် တို့ဖြစ်ကြောင်း၊

ထို့ပြင် ကိုဗစ်-၁၉ ရောဂါတွင်သာမက ရာသီတုပ်ကွေးရောဂါများကိုလည်း သက်သာပျောက် ကင်းစေနိုင်သည့် မြန်မာ့တိုင်းရင်းဆေး ဝိသမအဖျားပျောက်ဆေးကို တိုင်းရင်းဆေးပညာဦးစီးဌာနမှ အခြေခံသုတေသနနှင့် ဆေးလက်တွေ့သုတေသနတို့ကို သိပ္ပံနည်းကျ ပြုလုပ်၍ ဆေးဝါးအဖြစ် ထုတ် လုပ်လျက်ရှိပြီး အဆိုပါသုတေသနစာတမ်းကိုလည်း တင်သွင်းဖတ်ကြားမည်ဖြစ်ကြောင်း၊ တိုင်းရင်း ဆေးပညာရပ်နှင့်စပ်လျဉ်းသည့် သုတေသနများကို စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ နယကြီးလေးပါးကို အခြေခံသော မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးနည်းစနစ်များကို အမျိုးသားဆေး ပညာအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်၍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်  လိုအပ်ကြောင်း၊  

ယခုနှစ်စာတမ်းဖတ်ပွဲတွင်  အိန္ဒိယနိုင်ငံမှ အာယုဗ္ဗေဒဆေးပညာရပ်ကို လာရောက်၍ တင်ပြ ဆွေးနွေးမည်ဖြစ်၍ မြန်မာ့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သို့မှသာ အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ မြန်မာ့တိုင်းရင်း ဆေးဝါးများကို ပိုမိုအသိအမှတ်ပြု လေးစားလာမည် ဖြစ်ကြောင်း၊

ယခုသုတေသနစာတမ်းဖတ်ပွဲတွင် အကောင်းဆုံး  သုတေသနစာတမ်းများနှင့် ပိုစတာများကို စိစစ်အကဲဖြတ်၍ ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ တိုင်းရင်းဆေး သုတေသန စာတမ်းဖတ်ပွဲများ ကို  နှစ်စဉ်ကျင်းပရန် တိုက်တွန်းကြောင်းပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ဧည့်သည်တော်များသည် ပိုစတာများကို လှည့်လည်ကြည့်ရှုကြ၍ သုတေသီများက ဖတ်ကြားတင်ပြကြကာ မေးမြန်းသည်များ ကို ပြန်လည်ဆွေးနွေးသည်။

(၁၂) ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို ယနေ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။ စာတမ်းဖတ်ပွဲတွင် သုတေ   သနစာတမ်း(၂၆)စောင်၊ ပိုစတာ(၈)စောင်တို့ပါဝင်ပြီး အိန္ဒိယနိုင်ငံမှ အာယုဗ္ဗေဒ ဆေးပညာဆိုင်ရာ စာတမ်း အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွယ်ဆက်စပ်ဝန်ကြီးဌာနများ၊ တပ်မတော်ဆေး သုတေသနတပ်တို့မှ သုတေသန စာတမ်းများ ဖတ်ကြားတင်သွင်း ကြမည်ဖြစ်ကြောင်းသိရသည်။

၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပပြုလုပ်သော ''(၂၁)ကြိမ်မြောက်တိုင်းရင်းဆေးသမားတော်များ ညီလာခံ နှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ'' သို့ တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းနှင့် ညီလာခံကိုယ်စားလှယ်များ တက်ရောက်ခဲ့စဉ် မှတ်တမ်း

 

 

တိုင်းရင်းဆေးတက္ကသိုလ် ပထမနှစ် မဟာသင်တန်း၏ External protocol board meeting ကို ယနေ့ ဩဂုတ်လ(၂၂)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် အခန်း(၁၀၆) အစည်းအဝေးခန်းမတွင် ကျင်းပပါသည်။

မဟာသင်တန်းသား/သူများ၏ External protocol board meeting ကို (၂၃-၈-၂၀၂၂)ရက်နေ့တွင် ဆက်လက်ကျင်းပပါမည်။

#HMK

 တိုင်းရင်းဆေးတက္ကသိုလ် နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)တို့ ပူးပေါင်းကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ်(၁၁၂)ကြိမ်မြောက် CTME စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့(၁၃-၈-၂၀၂၂)ရက် တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း နှင့် တိုင်းရင်းဆေးဆရာအသင်းမှ ဒုတိယဥက္ကဋ္ဌ ၊ နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ဆရာ/မများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပီး စာတမ်းဟောပြော သူ များ အဖြစ်…
ဒေါ်ဖြိုးသဉ္ဇာ၊ နည်းပြ၊ အကြောအရိုးအဆစ်ပညာဌာနက '' သိန္ဓိဂတ ဝါတကြောင့်ဖြစ်သော ဂရိဝသူလ (ဇက်နာကျင်ကိုက်ခဲခြင်း)တွင် ဂရိဝ ဝတ္တိကုထုံး၏ အာနိသင်ထက်မြက်မှုကို လေ့လာသုံးသပ်တင်ပြခြင်း’'  ခေါင်းစဉ်ဖြင့် လည်းကောင်း…..
ဒေါ်ခင်ငြိမ်းချမ်းစု၊ နည်းပြ၊ အကြောအရိုးအဆစ်ပညာဌာနက ''ခါးရိုးဆစ် ကျီးပေါင်းကြောင့်ဖြစ်သော ခါးနာရောဂါတွင် အပ်စိုက်ကုထုံး၏ အာနိသင်ကို လေ့လာခြင်း '' ခေါင်းစဉ်ဖြင့်လည်းကောင်း ‌စာတမ်းဖတ်ကြားဟောပြောပြီး
သဘာပတိများအဖြစ် ...
(၁) ဦးမြင့်လွင်၊ နာယက၊ တိုင်းရင်းဆေးကောင်စီ၊

(၂) ဦးစန်းလွင်၊ တိုင်းဒေသကြီးဦးစီးဌာနမှူး(ငြိမ်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး တို့က ဆောင်ရွက်ခဲ့ပြီး စာတမ်းများဖတ်ကြားမှုအပြီးတွင် မေးမြန်းဆွေးနွေးခြင်း နှင့် ပဟေဠိအစီအစဉ် များ ဆက်လက်ကျင်းပပြီး

အစီအစဉ်ကို နံနက်(၉)နာရီမှ ၁၂ နာရီထိကျင်းပခဲ့ပါသည်။

ဤအစီအစဉ်ဖြစ်မြောက်ရေးအတွက် ဒေါ်ထူးထူး (ထူး- တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မတ္တရာမြို့ )  မိသားစုတို့က  ကူညီပံ့ပိုးထားပါသည်။

တိုင်းရင်းဆေးတက္ကသိုလ် နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)တို့ ပူးပေါင်းကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ်
(၁၁၁)ကြိမ်မြောက် CTME စာတမ်းဖတ်ပွဲ တွင်....ဟောပြော သူ များ အဖြစ်
ဒေါ်အေးနှင်းသွယ်၊ လက်ထောက်ကထိက၊မီးယပ်ရောဂါပညာဌာနက ''မီးယပ်ရောဂါများနှင့် ပတ်သက်၍ သုတေသနပြုလုပ်ပြီးသော စာတမ်းများအားလေ့လာခြင်း အပိုင်း(၁)’’'  ခေါင်းစဉ်ဖြင့် လည်းကောင်း…..
ဒေါ်သင်းစန္ဒာလှိုင် ၊ နည်းပြ၊ မီးယပ်ရောဂါပညာဌာနက ''မီးယပ်ရောဂါများနှင့် ပတ်သက်၍ သုတေသနပြုလုပ်ပြီးသော စာတမ်းများအားလေ့လာခြင်း အပိုင်း(၂)'' ခေါင်းစဉ်ဖြင့်လည်းကောင်း ‌ဟောပြောပြီး
သဘာပတိများအဖြစ် ...
(၁) ဦးမြင့်လွင်၊ တိုင်းရင်းဆေးအကြံပေးအဖွဲ့ ၊

(၂) ပါမောက္ခဝင်းစိုး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)(ငြိမ်း)၊ တိုင်းရင်းဆေးတက္ကသိုလ်
က ဆောင်ရွက်ခဲ့ပြီး အစီအစဉ်ကို နံနက်(၉)နာရီမှ ၁၂ နာရီထိ
ကျင်းပခဲ့ကြောင်း သိရသည်။ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ဦးကျော်စိုး+ဒေါ်ယဉ်ဌေး ထိန်လင်း ဘယဆေးရောင်းဝယ်ရေး မိသားစုတို့က  ကူညီပံ့ပိုးပါသည်။

Page 2 of 4

 

Visitors

Today 17

Yesterday 70

Week 87

Month 5533

All 49559

Currently are 7 guests and no members online

2023 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.