Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း

၂၀၂၂ခုနှစ်၊ မေလ (၃၀)ရက် နံနက် (၉း၀၀)နာရီအချိန်၌ အခန်း(၂၀၂)တွင်  မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ် (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့်အတူ ဘာသာရပ်ဆိုင်ရာ Dean များအား မိတ်ဆက် ပေးခြင်း၊ ကျောင်းသား/သူများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ဆေးပညာပါမောက္ခ ဌေးလွင် က တိုင်းရင်းဆေးပညာဘာသာရပ် ဆိုင်ရာ ပါမောက္ခဌာနမှူးများ၊ ဒုတိယပါမောက္ခများကို မိတ်ဆက်ပေးပြီး မောင်/မယ်များ ကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ အနောက်တိုင်းဆေးပညာဌာန များကိုယ်စား ဇီဝကမ္မ/ဇီဝဓါတုဗေဒဌာနမှ ကထိက/ဌာနမှူး၊ ဒေါက်တာမြသီတာဖြူက လည်းကောင်း၊ ဝိဇ္ဇာသိပ္ပံဌာနများကိုယ်စား သတ္တဗေဒဌာနမှ ကထိက/ဌာနမှူး၊ ဒေါက်တာသိင်္ဂီနိုင် ကလည်းကောင်း အသီးသီး ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက  ဂုဏ်ထူးဆောင်ပါမောက္ခ ဆရာကြီး/မများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်အတူ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး နောက် (၅/၂၀၂၂) ပညာသင်နှစ် King & Queen ရွေးချယ်ပွဲ ဆက်လက် ကျင်းပခဲ့ပါသည်။

ဆေးနှင့်ဆေးဘက်နှီးနွယ်တက္ကသိုလ်များ၏  ၂၀၂၂ ခုနစ် မေ လ (၁၈) ရက်နေ့၊ နံနက် (၉း၄၅)အချိန်တွင် ZOOM Application ဖြင့် ကျင်းပသော Fresher Welcome (5/2022) တွင်
ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က အမှာစကားပြောကြားပြီး ၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/မများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဝင်းဟန်၊

ပါမောက္ခ/ဌာနမှူးများ၊ဒုတိယပါမောက္ခများ၊ ကထိက /ဌာနမှူး များ၊ ဆရာ/မများနှင့် ဝန်ထမ်းများကျောင်းသားကျောင်းသူများ

စုပေါင်း၍ ပရိတ်တရားများ နာယူခဲ့ကြသည်။

  

တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ မော်ကွန်းထိန်း တို့က ဆရာ/မများ၊ ဝန်ထမ်းများအားလုံးအတွက်
တိုင်းရင်း​ဆေးတက္ကသိုလ်၊ ​ဆေးဝါး​ဗေဒဌာနမှဦးစီးထုတ်လုပ်​သော "ကာကွယ် ဆေးလက်ဖက်​ခြောက်ထုပ် များ ပေးဝေခြင်း" အား   (၇-၁၂-၂၀၂၀) ရက်နေ့နံနက် (၁၀)နာရီအချိန်တွင် ပေးဝေခဲ့ပါသည်။..

 

 

ဆေးအလှူ လက်ခံပေးပါသော UMM မှ ဆရာကြီးပါချုပ် Dr Khinn Mg Lwin အား ကျေးဇူးတင်ပါတယ်။

အ​အေးမိ တုပ်​ကွေးဖျားနာ ကာကွယ်​ ဆေးလဘက်​ခြောက်

Covid လူနာများ ​သောက်ရန် တိုင်းရင်း​ဆေးတက္ကသိုလ်
​ဆေးဝါး​ဗေဒ ဌာနက ​ဖော်စပ်ထုတ်လုပ်ထား​သော
လဘက်​ခြောက်ကဲ့သို ​ရေ​နွေးပူပူ​လေးနှင့်စိမ်ပြီး​သောက်လို့ရတဲ့ ​ဆေးလဘက်​ခြောက်​လေးပါ
တိုင်းရင်း​ဆေးတက္ကသိုလ် ပါ​မောက္ခချုပ်​
ပါ​မောက္ခ​ဒေါက်တာသိန်း​​ဇော်လင်းကိုယ်တိုင်
မ​​နေ့ကလာ​ရောက်လှူဒါန်းသွားတာပါ

ကျွန်​တော်​သောက်ကြည့်တာ​တော့​တော်​တော်​လေး​ကောင်းပါတယ်

ဒီ​နေ့​တော့ ​ဆေးဝန်ထမ်း​တွေ​ရောလူနာ​တွေ​ရောအတွက်

ကန်​တော်နဒီ​ဆေးရုံကို အထုပ်​သေး ၁၀ထုပ်ပါ အထုပ် ၁၀၀
ကုတင် ၃၀၀ ​ဆေးရုံကိုအထုပ်​သေး ၁၀ထုပ်ပါ အထုပ် ၁၀၀
ဇီပင်ကြီးကို အထုပ်​သေး၁၀ ထုပ်ပါ အထုပ် ၂၀၀
​ပေးပို့လှူဒါန်းပြီးသွားပါပြီ
ကျန်​နေ​သေးတဲ့ အထုပ်​သေး ၁၀ ထုပ်ပါ အထုပ် ၁၀၀ ကိုလဲ
ဆက်လက်လှူဒါန်း​ပေးသွားမှာပါ
MGH Isolation နဲ့ EM ကိုလည်းပို့​ပေးမှာပါ

​လေးညှင်း, ကွမ်း, သံပုရာ, နာနတ်ပွင့် ချင်း, နွယ်ချို ,လဘက်
စတဲ့ပစ္စည်း ​လေး​တွေနဲ့ပါဝင်​ဖော်စပ်ထားတာပါ

​မွှေ​မွှေး​လေး မြန်မာ​ဆေး အနံ့​လေးနဲ့မို့ သံပုရာသီး​လေးတစိတ်​လောက်ညှစ်​သောက်လိုက်ရင် Covid ကိုလည်းကာကွယ်ပြီးသားဖြစ်လို့ Covid လူနာ​တွေနဲ့ ထိ​တွေ့ကုသ​ပေး​နေရတဲ့
ကျန်းမာ​ရေးဝန်ထမ်း​တွေနဲ့ တကယ်သင့်​တော်ပါတယ်လို့ညွှန်းလိုက်ပါရ​စေ

စိးပွားဖြစ်​ရောင်းမှာ မဟုတ်ပဲ လိုအပ်ရင်ထပ်မံ​ဖော်စပ်ပြီးလှူဒါန်း​ပေးဦးမှာပါလို့ တိုင်းရင်း​ဆေးတက္ကသိုလ် ပါချုပ်ကြီးက ကတိ​ပေးသွားပါတယ်

​သောက်ကြည့်ကြ​နော်
ကြိုက်လို့ ​သောက်လို့ကုန်သွားရင်
ကျွန်​တော့်ဆီဖုံးဆက်​ပေးပါ ၀၉ ၂၀၀၂၁၆၃
တိုင်းရင်း​ဆေးတက္ကသိုလ်ကို ထပ်မှာ​ပေးပါ့မယ်

  1. Weekly internal(departmental) international journal reading
  2. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသန စာတန်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ
  3. Participating in IPE program in Medical and allied universities in Mandalay as a UTM participant
  4. တိုင်းရင်းဆေးတက္ကသိုလ် ဆေးပညာဌာနမှ ဌာနတွင်း Journal Reading ပြုလုပ်။
  5. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသန စာတန်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ
  6. Weekly internal(departmental) international journal reading
  7. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် “Professional Development for Educators” ခေါင်းစဥ်အား Zoom Application ဖြင့် သင်တန်းပို့ချ
  8. ဆိတ်ကွယ်နေသော အသံများ အစီရင်ခံစာနှင့် (၃၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးကာလဖြတ်အလိုက် ဆန်းစစ်သုံးသပ်ခြင်းအကြောင်း အွန်လိုင်းမှ တစ်ဆင့် ရှင်းလင်း
  9. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ကော်မတီက ဦးဆောင်ကျင်းပသော Zoom Presentation အခမ်းအနား တက်ရောက်
  10. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် “Professional Development for Educators” ခေါင်းစဥ်အား Zoom Application ဖြင့် သင်တန်းပို့ချ
  11. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Library Solution, Data Center and Infrastructure for Higher Education (Online Event) ကျင်းပ
  12. တိုင်းရင်းဆေးတက္ကသိုလ် အကြောအရိုးအဆစ်ပညာဌာန Journal Reading
  13. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Internal Protocol board တတိယနေ့ ဆက်လက်ကျင်းပ
  14. တိုင်းရင်းဆေးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာန Journal Reading
  15. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Imternal Protocol board ဒုတိယနေ့ ဆက်လက်ကျင်းပ
  16. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Protocol board ကျင်းပ
  17. Training on Trainer Workshop On IPE Core Competencies ကျင်းပဆောင်ရွက်ခြင်း
  18. MMTM, Second Year, Case Presentation စာတမ်းဖတ်ကြားခြင်း
  19. တိုင်းရင်းဆေးမိသားစု၏ (၄၁)ကြိမ် မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
  20. တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်လာရောက်ခြင်း

 

Visitors

Today 24

Yesterday 40

Week 128

Month 1388

All 60319

Currently are 5 guests and no members online

2025 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.