Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

(8-5-2023)ရက်နေ့မှ (10-5-2023)ရက်နေ့ထိ တိုင်းရင်းဆေးတက္ကသိုလ်၊ အခန်းအမှတ်(၂၀၂)တွင် Workshop on Research Methodology (2023) ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ၎င်းအလုပ်ရုံ‌ဆွေးနွေးပွဲ တွင် ဆေးဘက်နှီးနွယ်တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ/ဌာနမှူးများ၊ ChairPersons, Speaker, Facilitators, သင်တန်းသား/သူ (၃၀)ဦး နှင့် ‌လေ့လာသူများ ၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့၊ ညနေ(၃း၀၀)နာရီ အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ် အဆောက်အဦအတွင်းတွင် အန္တရာယ်ကင်း ပရိတ်တနားတော်များနာယူခြင်းအစီအစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကြွရောက်လာကြကုန်သော ဘုရားအမှူးရှိသော ဆရာတော်သံဃာတော်အရှင်မြတ်တို့က တက္ကသိုလ်ပရဝုဏ်အတွင်းပရိတ်တရားတော်များ လှည့်လယ်ရွတ်ဖတ်ကြပီးနောက် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဦးဝင်းဟန်၊ မော်ကွန်းထိန်း ဦးမြင့်အေး နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဌာနအသီးသီးမှ ဆရာ/မများ၊ ဝန်ထမ်းများက ပရိတ်တရားတော်များနာယူခြင်းနှင့် ရေစက်ချအနုမောဒနာတရားများ နာယူခဲ့ကြပါသည်။

 

၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နေ့လည် (၁း၀၀)အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၌ ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများအနက်မှ ကျောင်းသူ(၂၀)ဦးအတွက် မန္တ‌လေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း နှင့် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း တို့မှ အလှူငွေကျပ် သိန်း (၃၀) တိတိကို လှူဒါန်းပေးအပ်ရာ  တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

နေပြည်တော် MICC -II တွင်  2023 ခုနှစ်၊ မတ်လ (၁၁-၁၂)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော  မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ  “ Quality Care in Medical Practice” အရည်အသွေးရှေ့ရှု ကျန်းမာရေးစောင့်ရှောက်မှု ကို တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး မှ ပါမောက္ခချုပ်၊ ပါမောက္ခ‌ဒေါက်တာသိန်းဇော်လင်း၊ ပါမောက္ခဌေးလွင်၊ ပါမောက္ခခင်သန်းဝေ တို့ တက်ရောက်ခဲ့ကြပါသည်။

တိုင်းရင်းဆေးတက္ကသိုလ်၊ ၂၀၂၃ ခုနှစ် မတ်လ (၉) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန် အခန်းအမှတ်(၁၀၆) တွင် Master Speciality and Ph.D သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်၊၊  ယင်းအစည်းအဝေးကို ပါမောက္ခချုပ်၊ ပါမောက္ခ‌ဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ အဖွဲ့ဝင် Professor Emeritus, ဆရာကြီးများ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းဟန်နှင့် ပါမောက္ခ/ဌာနမှူးများ၊ မော်ကွန်းထိန်းနှင့် ဘွဲ့လွန်ဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အစီအစဉ်အရ တက်‌ရောက်လာကြသော ဆရာကြီး/မကြီးများက  Master Speciality and Ph.D သင်တန်းများဖွင့်လှစ်နိုင်ရေး ကိစ္စအရပ်ရပ်များကို ဆွေးနွေးခဲ့ကြပီး အစည်းအ‌‌ဝေးကို ညနေ(၃း၀၀)နာရီတွင် ပြီးစီးပါသည်။

  1. ကျောင်းသား/သူများ ထမနဲထိုးပြိုင်ပွဲကျင်းပခြင်း
  2. တိုင်းရင်းဆေးတက္ကသိုလ် နံရံကပ်စာစောင်ဖွင့်ပွဲ နှင့် စကားရည်လုပွဲ အခမ်းအနားကျင်းပခြင်း
  3. ''လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကျင်းပပွဲတွင် တိုင်းရင်းဆေးတက္ကသိုလ် ပြခန်းခင်းကျင်းပြသခြင်း''
  4. ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် (၁၁/၂၀၂၂) မောင်/မယ် သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခြင်း
  5. “လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပခြင်း
  6. ''(၁၁/၂၀၂၂)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပြခြင်း''
  7. “(၄၅)ကြိမ်မြောက်တိုင်းရင်းဆေးမိသားစု၏ မဟာဘုံကထိန်အလှူတော်”
  8. “မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် တွင် မျောက်ကျောက် (Monkeypox) ရောဂါ အကြောင်းဆွေးနွေး”
  9. ''(၄၂)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း''
  10. (၁၁)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်း
  11. "ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံသို့ သွားရောက်လေ့လာခြင်း''
  12. ''တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း''
  13. Fresher Welcome (5/2022) ကျင်းပခြင်း
  14. ၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့အန္တရာယ်ကင်းရွတ်ဖတ်ပူဇော်ပွဲ
  15. အ​အေးမိ၊ တုပ်​ကွေး၊ ဖျားနာ ကာကွယ်ဆေးလက်ဖက် ခြောက်ထုပ် များ ပေးဝေငှခြင်း
  16. Covid လူနာများ ​သောက်ရန် တိုင်းရင်း​ဆေးတက္ကသိုလ် ​ဆေးဝါး​ဗေဒ ဌာနက ​ဖော်စပ်ထုတ်လုပ်ထား​သော ဆေးလဘက်​ခြောက်
  17. Weekly internal(departmental) international journal reading
  18. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသန စာတန်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ
  19. Participating in IPE program in Medical and allied universities in Mandalay as a UTM participant
  20. တိုင်းရင်းဆေးတက္ကသိုလ် ဆေးပညာဌာနမှ ဌာနတွင်း Journal Reading ပြုလုပ်။

 

Visitors

Today 98

Yesterday 229

Week 635

Month 2755

All 123162

Currently are 9 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.