Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

၂၀၂၃-၂၄ ပညာသင်နှစ် ပထမနှစ် မောင်/မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို (၉-၁-၂၀၂၄)ရက်နေ့  နံနက် (၉း၃၀)အချိန်တွင် အခန်း အမှတ်(၂၀၂)တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဦးဝင်းဟန်၊ မော်ကွန်းထိန်း ဦးမြင့်အေး၊  ပါမောက္ခ/ဌာနမှူးများ၊ ကထိက/ဌာနမှူးများ၊ တိုင်းရင်းဆေးကောင်စီဝင် ဆရာကြီး ဦးဝထွန်း ၊ စက်ရုံမှူး၊ တိုင်းဦးစီးဌာနမှူး နှင့်ဆရာ/မများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သစ်လွင်မောင်မယ်များ၊ အတန်းအသီးသီးမှကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း က သစ်လွင်မောင်/မယ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် မော်ကွန်းထိန်း ဦးမြင့်အေး က ကျောင်းသား/သူများ လိုက်နာရမည့်စည်းကမ်းများအား ဖတ်ကြားပြီး ဌာနအသီးသီးမှ ဌာနမှူးများနှင့်မိတ်ဆက်ပေးခဲ့ပါသည်။  အစီအစဉ်အရ ဆက်လက်ပီး အတန်းအသီးသီးမှ ဆုရကျောင်းသား (၁၅)ဦးနှင့် ဂုဏ်ထူးဆုရှင်များ/ အထူးအောင် ဆုရှင်များနှင့်စာပေထူးချွန်ဆုရ ကျောင်းသား / သူ (၆၉)ဦးအား ဆုများချီးမြှင့်ပေးခဲ့ပါသည်။ 

တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတွင် စတုတ္ထနှစ်အောင်မြင်ပြီးသော ကျောင်းသား/သူများအား အလုပ်သင်တာဝန်ပေးအပ်ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် အခန်းမှတ် (၁၀၆) အစည်းအဝေးခန်း၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားကာ၊ မော်ကွန်းထိန်းက အုပ်ချုပ်ရေးနှင့် စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဆရာကြီး၊ ဆရာမကြီးများက အလုပ်သင် ဆရာ၊ ဆရာမများကို ဆုံးမဩဝါဒ စကားများ ပြောကြားကြပါသည်။ အဆိုပါ အခမ်းအနားကို တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ် (စီမံ)၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေးဆေးရုံ(မန္တလေး) ဆေးရုံအုပ်ကြီး၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး စက်ရုံမှူး၊ ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယပါမောက္ခ ဌာနမှူးဆရာ၊ ဆရာမများ၊ မော်ကွန်းထိန်း၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံ (ရန်ကုန်၊ နေပြည်တော်)မှ ဒုတိယဆေးရုံအုပ်များ၊ အလုပ်သင် ဆရာ၊ ဆရာမများ တက်ရောက်ကြပြီး အလုပ်သင်ဆရာ၊ ဆရာမများကို ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံများ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) သို့ တာဝန်ခွဲဝေချထားကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်ကာ အလုပ်သင်တာဝန်များကို (၁) နှစ်တိတိ သင်ယူတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီ တွင် အခန်းအမှတ်(၂၀၂) တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး မှ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)သို့ တိုင်းရင်းဆေးပညာရပ်တိုင်ရာ စာအုပ်ပေါင်း (၁၅၀) အား လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ     ယင်းအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေး၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ် ၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊  အိန္ဒိယနိုင်ငံ Mr. Vinay Kumar, Ambassador, Embassy of India, Yangon, Mr. Kyljit Singh, Consul, Consulate General of India, Mandalay, Mr. Lalit Kumar, Second Ambassador, Embassy of India, Yangon, Mr. T. Binod, A S O, Consulate General of India, Mandalay, Mr. D. Bhoi, A S O, Consulate General of India, Mandalay, Mr. Rohit, Consulate General of India, Mandalay နှင့် မန္တလေးတိုင်းဒေသကြီးမှ အကြီးအကဲများ၊ တက္ကသိုလ်မှ ဆရာ/မများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။  ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးနှင့် အဖွဲ့တို့သည် တက္ကသိုလ် စာကြည့်တိုက်နှင့် တိုင်းရင်းဆေး ပြတိုက်များသို့ လှည့်လည်ကြည့်ရှုခဲ့ပါသည်။ #HMK

(၁၀-၉-၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု၊ သုံးတောင်ကျေးရွာ၊ ကျောက်ဖျာဒိုးကျေးရွာ၊ ကျင်ဂနိုင် ကျေးရွာများသို့ တိုင်းရင်းဆေးတက္ကသိုလ်၊စတုတ္ထနှစ်ကျောင်းသား/သူများ အတွက် သင်ရိုးညွှန်းတမ်းပါအတိုင်း ကွင်းဆင်းဆေးကုသခြင်း၊ ပြည်သူ့ဘဝလေ့လာရေး သုတေသန စစ်တမ်းကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ကွင်းဆင်းဆေးကုသခြင်းနှင့် သုတေသနစစ်တမ်းကောက်ယူခြင်းများကို တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းနှင့် ဆေးပညာဌာန ပါမောက္ခ/ဌာနမှူး ပါမောက္ခဌေးလွင်၊ သုတေသနဌာနမှ ဒု-ညွှန်မှူး ဒေါက်တာခင်တာရာမြင့်တို့ ဦးဆောင်လျက် ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများက စုပေါင်းဆောင်ရွက်ကြပါသည်။

မန္တလေးတိုင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ဒု-တိုင်းဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရာ လူနာ (၁၃၀)ဦးကို ဆေးကုသ ပေးနိုင်ခဲ့ပါသည်။

(၂၇-၈-၂၀၂၃)ရက်နေ့ နံနက်(၉း၃၀)နာရီတွင် တိုင်းရင်းဆေးတ္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းဟန်၊ မော်ကွန်းထိန်း ဦးမြင့်အေး၊ ဆေးဝါးဗေဒဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခ ဒေါ်သန္တာခိုင် နှင့် ဆေးဝါးဗေဒဌာနမှ ဆရာ/မများလိုက်ပါလျက် တိုင်းရင်းဆေးတ္ကသိုလ် တတိယနှစ်ကျောင်သား/သူများသည် မန္တလေးမြို့ရှိ မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း စက်ရုံ(GMP)သို့ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းစဉ်များ အား သွားရောက်လေ့လာခဲ့ကြပါသည်။

  1. ‘’ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)သို့ ဆေးဖက်ဝင်ဆေးပင်များ သွားရောက်လေ့လာခြင်း’’
  2. တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးရာ တိုင်းရင်းဆေးတက္ကသီလာ
  3. ''ပညာသင်ထောက်ပံ့အလှူငွေပေးအပ်ပွဲ အခမ်းအနား''
  4. (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအခမ်းအနား
  5. ‌မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲအခမ်းအနား
  6. Workshop on Research Methodology (2023) ကျင်းပခြင်း
  7. ၁၃၈၅ခုနှစ်မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း
  8. ''ပညာသင်ထောက်ပံ့ကြေး အလှူငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနား''
  9. မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ သို့တက်‌ရောက်ခြင်း
  10. တိုင်းရင်းဆေးတက္ကသိုလ်တွင် Master Speciality and Ph.D သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
  11. ကျောင်းသား/သူများ ထမနဲထိုးပြိုင်ပွဲကျင်းပခြင်း
  12. တိုင်းရင်းဆေးတက္ကသိုလ် နံရံကပ်စာစောင်ဖွင့်ပွဲ နှင့် စကားရည်လုပွဲ အခမ်းအနားကျင်းပခြင်း
  13. ''လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကျင်းပပွဲတွင် တိုင်းရင်းဆေးတက္ကသိုလ် ပြခန်းခင်းကျင်းပြသခြင်း''
  14. ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် (၁၁/၂၀၂၂) မောင်/မယ် သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခြင်း
  15. “လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပခြင်း
  16. ''(၁၁/၂၀၂၂)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပြခြင်း''
  17. “(၄၅)ကြိမ်မြောက်တိုင်းရင်းဆေးမိသားစု၏ မဟာဘုံကထိန်အလှူတော်”
  18. “မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် တွင် မျောက်ကျောက် (Monkeypox) ရောဂါ အကြောင်းဆွေးနွေး”
  19. ''(၄၂)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း''
  20. (၁၁)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်း

 

Visitors

Today 84

Yesterday 116

Week 200

Month 2320

All 122727

Currently are 13 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.