Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

(၁၁-၈-၂၀၂၃)ရက်နေ့ နံနက် (၉း၃၀) နာရီ တွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး တတိယနှစ် ကျောင်းသား/သူများ ၏ ဆေးဖက်ဝင်ဆေးပင်များ လေ့လာရှာဖွေရေး ခရီးစဉ်ကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) သို့ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယညွှန်ကြားရေးမှူး ‌ဒေါက်တာခင်တာရာမြင့်၊ သုတေသနမှူး ‌ဒေါ်မျိုးသီတာအေးနှင့် ကြီးကြပ် ဆရာ/မများ၊ ကျောင်းသား/သူများ (၆၂)ဦးတို့ သွားရောက်လေ့လာခဲ့ကြပါသည်။

တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးရာ တိုင်းရင်းဆေးတက္ကသီလာ

ဆောင်းပါး ပါမောက္ခသိန်းဇော်လင်း

ဖတ်ရှုရန်

ဆောင်းပါး - ၁

ဆောင်းပါး - ၂

တိုင်းရင်းဆေးတက္ကသိုလ် ‌ကျောင်းသား/ သူများ အတွက် ပညာသင်ထောက်ပံ့အလှူငွေပေးအပ်ပွဲ အခမ်းအနားကို (၂၀၇-၂၀၂၃)ရက်နေ့ နံနက် (၁၁း၃၀)အချိန်တွင် အခန်းအမှတ်(၁၀၆) တွင် ကျင်းပပြုလုပ်ခဲ့ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ မော်ကွန်းထိန်း၊ ပါမောက္ခ/ဌာနမှူးများ၊ အလှူရှင်မိသားစု နှင့် တက်ရောက်ပြီး အလှူရှင် မဥမ္မာမြင့် ၏ မွေးနေ့အလှူအဖြစ် မိသားစု မှ (၁၀)သိန်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။  ဆက်လက်ပြီးတက္ကသိုလ် ဝန်ထမ်းမိသားစုများထဲမှ တက္ကသိုလ်ဝင် စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သား/သမီးများအား တိုင်းရင်းဆေးတက္ကသိုလ် မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ယ‌နေ့ (26-6-2023)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းတွင် ကျင်းပပြုလုပ်သည့် ''(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအခမ်းအနား'' တွင် တိုင်းရင်းဆေးတက္ကသိုလ်မှ  ပါမောက္ခချုပ် ပါမောက္ခ‌ဒေါက်တာသိန်းဇော်လင်း ဦးဆောင်ပြီး တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ (၃၀)ဦး တက်‌ရောက်ခဲ့ပါသည်။

 

(၁၆.၆.၂၀၂၃)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဆေးပညာဌာနမှ ကထိက ဒေါ်သန္တာစိုးသည် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြှင့်စက်ချုပ်သင်တန်း (၂/၂၀၂၃) ကျောင်းသူ (၁၃) ဦးကို ‌မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မိုးရာသီတွင်ဖြစ်တတ်သောရောဂါငယ်များကိုမြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းကောင်းများ၊ဆေးဖက်ဝင်ကြပ်ထုပ်အကြောင်းသိကောင်းစရာအချက်များနှင့် အိမ်တွင်းသုံးမြစ်ချင်းပြီး တိုင်းရင်းဆေးနည်းများအကြောင်းကို အပြန်အလှန် ဆွေးနွေးပြီးအသိပညာပေးဟောပြောခဲ့ပါသည်။

 

 

 

  1. Workshop on Research Methodology (2023) ကျင်းပခြင်း
  2. ၁၃၈၅ခုနှစ်မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း
  3. ''ပညာသင်ထောက်ပံ့ကြေး အလှူငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနား''
  4. မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ သို့တက်‌ရောက်ခြင်း
  5. တိုင်းရင်းဆေးတက္ကသိုလ်တွင် Master Speciality and Ph.D သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
  6. ကျောင်းသား/သူများ ထမနဲထိုးပြိုင်ပွဲကျင်းပခြင်း
  7. တိုင်းရင်းဆေးတက္ကသိုလ် နံရံကပ်စာစောင်ဖွင့်ပွဲ နှင့် စကားရည်လုပွဲ အခမ်းအနားကျင်းပခြင်း
  8. ''လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကျင်းပပွဲတွင် တိုင်းရင်းဆေးတက္ကသိုလ် ပြခန်းခင်းကျင်းပြသခြင်း''
  9. ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် (၁၁/၂၀၂၂) မောင်/မယ် သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခြင်း
  10. “လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပခြင်း
  11. ''(၁၁/၂၀၂၂)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပြခြင်း''
  12. “(၄၅)ကြိမ်မြောက်တိုင်းရင်းဆေးမိသားစု၏ မဟာဘုံကထိန်အလှူတော်”
  13. “မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် တွင် မျောက်ကျောက် (Monkeypox) ရောဂါ အကြောင်းဆွေးနွေး”
  14. ''(၄၂)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း''
  15. (၁၁)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်း
  16. "ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံသို့ သွားရောက်လေ့လာခြင်း''
  17. ''တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း''
  18. Fresher Welcome (5/2022) ကျင်းပခြင်း
  19. ၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့အန္တရာယ်ကင်းရွတ်ဖတ်ပူဇော်ပွဲ
  20. အ​အေးမိ၊ တုပ်​ကွေး၊ ဖျားနာ ကာကွယ်ဆေးလက်ဖက် ခြောက်ထုပ် များ ပေးဝေငှခြင်း

 

Visitors

Today 78

Yesterday 116

Week 194

Month 2314

All 122721

Currently are 22 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.