Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့၊ အခန်းအမှတ်(၁၀၇)၊ နံနက် (၉း၀၀)နာရီ တွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၌ ၂၀၂၄ခု ပညာသင်နှစ် အလုပ်သင်ဆရာ၊ ဆရာမ များ  စာတမ်းဖတ်ပွဲအခမ်းအနား ကို ဒီဇင်ဘာလ(၁၉ ရက် မှ ၂၀)ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။  ၎င်းအခမ်းအနားတွင် သဘာပတိများအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း နှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား) ပါမောက္ခဌေးလွင်တို့က ဆောင်ရွက်ပြီး   ဒုတိယပါမောက္ခချုပ်(စီမံ) ဦးတင့်လွင်၊ မော်ကွန်းထိန်း၊ ပါမောက္ခ/ဌာနမှူးများ၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ်ကြီးများ၊ စာတမ်းကြီးကြပ်ဆရာ/မများနှင့် အလုပ်သင်ဆရာ/မများ တက်ရောက်ကြခဲ့ပီး  အုပ်စုအလိုက် ဘွဲ့ကြိုသုတေသနစာတမ်း(၉)စောင်အား ဖတ်ကြားတင်သွင်းပြီး ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။  

မန္တလေး၊ နိုဝင်ဘာလ ၅။

“တိုင်းရင်းဆေးပညာ လေ့ကျင့်သင်ကြားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ အခမ်အနားကျင်းပ (National Seminar on the Development of Traditional Medical Education)” အခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ကျင်းပရာ  ဖွင့်ပွဲအခမ်းအနားသို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဒေါ်စုစုဒွေး၊  တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်  ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)ဦးတင့်လွင်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ပါမောက္ခဌေးလွင် ၊ တိုင်းရင်းဆေးတက္ကသိုလ်-ဂုဏ်ထူးဆောင်ပါမောက္ခများ၊  ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ ဥက္ကဋ္ဌ၊  တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နှီးနှောဖလှယ်ပွဲ တွင် အသိပညာရှင် အတတ်ပညာရှင်များ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲတွင် Area(4)ခုဖြင့်ဆွေးနွေးကြမည်ဖြစ်ပြီး ရလဒ်အခြေပြု သင်ရိုးညွှန်းတမ်း ဖြစ်ထွန်းလာစေရေး၊ ပညာရေးဝန်းကျင်ကောင်းရရှိရန် လိုအပ်သောစာသင်ခန်း၊ စာကြည့်တိုက်၊ သုတေသနဓာတ်ခွဲခန်း၊ IT နည်းပညာအထောက်အကူ နှင့် တိုင်းရင်းဆေးဥယျာဉ်ဖွံ့ဖြိုးရေး၊ နိုင်ငံတကာနှင့် ပညာရပ်ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာဘွဲ့ဒီဂရီများနှင့် ပတ်သက်၍အရည်သွေးအသိအမှတ်ပြုမှုရရှိရေး တို့ကို ဆွေးနွေးစနစ်တကျဆွေးနွေးအဖြေရှာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။  နှီးနှောဖလှယ်ပွဲ ကို (၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ၊ (၄)ရက်နေ့မှ (၆)ရက်နေ့ထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အထောက်အပံ့ဖြင့် (၃)ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

မန္တလေး၊ အောက်တိုဘာလ ၂၉။

တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)နှင့် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ ပူးပေါင်းကျင်းပသည့် 9th Ayurveda Day (၉)ကြိမ်မြောက် အာယုဗေဒနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နေ့လယ် (၁:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ကျင်းပရာ  အခမ်းအနားသို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အိန္ဒိယနိုင်ငံကောင်စစ်ဝင်ချုပ်၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်၊ သံရုံး တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဆေးနှင့်နှီးနွယ်တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ကောင်စီဥက္ကဋ္ဌ။  တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/မများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်   ထိမ်း အမှတ်အဖြစ် (၂)နိုင်ငံ သင်ကြားရေးနှင့် သုတေသနနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အာယုဗေဒ္ဒ၏အနှစ်သာရဖြစ်တဲ့ လူသားတိုင်းကျန်းမာပျော်ရွှင်ပြီး နှင့် ရောဂါဘယကင်းဝေးရေးပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းပြောကြားခဲ့ပါသည်။  ဆက်လက်ပီး တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(သင်ကြားရေး) ပါမောက္ခဌေးလွင် က Myanmar and Ayurveda Medicine နှင့်ပတ်သက်၍လည်ကောင်း၊ ရန်ကုန်မြို့မှ  ဒါရိုက်တာ အာစစ်ကူးမာရ်း က Evolution of Ayurveda and importance of Ayurveda in day to day life ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြပြီး တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းကို ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို နေ့လယ် (၂:၃၀) နာရီတွင် ပြီးစီးပါသည်။

Accreditation and Certification ကဏ္ဍ၏ အကြိုညှိနှိုင်းအစည်းအဝေးကို 2024 ခုနှစ် ဇူလိုင်လ(1၇)ရက်နေ့ နေ့လည်(၂)နာရီ အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ် အခန်း(၂၀၂) တွင် ကျင်းပခဲ့ပါသည်။  ယင်းအစည်းအဝေးတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ တိုင်းရင်းဆေးပညာအရပ်ရပ်ဆိုင်ရာ အကြံပေး အဖွဲ့ ဥက္ကဋ္ဌ  ပါမောက္ခဒေါက်တာဦးမိတ်၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးနှင့်ဆေးပစ္စည်းများအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦး၊ ဆေးတက္ကသိုလ် (မန္တလေး)၊ သူနာပြုတက္ကသိုလ်(မန္တလေး)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်များ/ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊  ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးတင့်လွင်၊ မော်ကွန်းထိန်း ဦးမြင့်အေး၊ ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယပါမောက္ခများ၊ ကထိက/ဌာနမှူး/ ဌာနတာဝန်ခံများနှင့် စီမံ/ဘဏ္ဍာ၊ ကျောင်းသားရေးရာ/ဘွဲ့လွန်ဌာနများမှ ဝန်ထမ်းများတက်‌ရောက်ခဲ့ကြပါသည်။ 

အစည်းအဝေးတွင် ဆောင်ရွက်ရမည့်လုပ်ငန်းဆောင်ရွက်ရမည့်ကိစ္စရပ်များအားဆွေးနွေးခဲ့ကြပြီး ညနေ(၄း၃၀)ချိန်တွင် ပြီးမြောက်ပါသည်။

 

(၂၂-၆-၂၀၂၄) ရက်နေ့ နံနက် (၉:၀၀)နာရီ အခန်းအမှတ်(၂၀၂)တွင် တိုင်းရင်းဆေးတက္ကသိုလ် တွင် CTME Programme ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် သဘာပတိများအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(သင်ကြား)(ငြိမ်း)၊ ဂုဏ်ထူးဆောင်ပါမောက္ခ ပါမောက္ခဝင်းနိုင် နှင့် ဆေးပညာဌာန ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဌေးလွင် တို့က ဆောင်ရွက်ပြီး  တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးပညာဌာန လက်ထောက်ကထိက ဦးလှမျိုးဝင်း က “ဝိဇ္ဇာဓရနယနည်းစနစ်ဖြင့် ကျောက်ကျေဆေးစီမံပုံ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  နည်းပြ၊ ဒေါ်မီမီချို က  “ Importance of nutrients from an astrological point of views” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)‌ဒေါက်တာမိုးဆွေ၊ တိုင်းရင်းဆေးအရပ်ရပ်ဆိုင်ရာအကြံပေးအဖွဲ့ အဖွဲ့ဝင် ဆရာကြီး ဦးမြင့်လွင်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဒေါ်ခင်ဖြူသက်၊ တိုင်းရင်းဆေးရုံအုပ်ကြီး ဒေါ်မိုးသီတာဝင်း၊ မော်ကွန်းထိန်း ဦးမြင့်အေး၊  မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်းမန္တလေး ဒုတိယဥက္ကဋ္ဌ ဦးသင်း၊ နှင့်  ပါမောက္ခ/ဌာနမှူးများ၊ ကထိက/ဌာနမှူးများ၊ တိုင်းရင်းဆေးနှီးနွယ်ဌာနများမှ ဆရာ/မများ၊ ပြင်ပမှ တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသူများ ကျောင်းသား/သူများ တက်ရောက်ခဲ့ရာ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးပီး အစီအစဉ်ကို (၁၂)နာရီ တွင် ပြီးမြောက်ပါသည်။  ၎င်းအခမ်းအနားအစီအစဉ်တွင်ဦးစည်သူဝင်း၊ ဦးပြည့်စုံအောင် ဒေါင်းရာဇာ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မိသားစု မန္တလေးမြို့က ကူညီပံ့ပိုးထားပါသည်။

  1. “မောင်/မယ် သစ်လွင်ကြိုဆိုပွဲ နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ’’
  2. ''တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတွင် အလုပ်သင်တာဝန်ပေးအပ်ပွဲကျင်းပခြင်း''
  3. "တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစာအုပ်များ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား"
  4. တိုင်းရင်းဆေးတက္ကသိုလ်ကွင်းဆင်းဆေးကုခြင်းနှင့် သုတေသနစစ်တမ်းကောက်ခြင်း
  5. ''မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း စက်ရုံ(GMP)သို့ သွား‌ရောက်လေ့လာခြင်း''
  6. ‘’ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)သို့ ဆေးဖက်ဝင်ဆေးပင်များ သွားရောက်လေ့လာခြင်း’’
  7. တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးရာ တိုင်းရင်းဆေးတက္ကသီလာ
  8. ''ပညာသင်ထောက်ပံ့အလှူငွေပေးအပ်ပွဲ အခမ်းအနား''
  9. (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအခမ်းအနား
  10. ‌မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲအခမ်းအနား
  11. Workshop on Research Methodology (2023) ကျင်းပခြင်း
  12. ၁၃၈၅ခုနှစ်မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း
  13. ''ပညာသင်ထောက်ပံ့ကြေး အလှူငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနား''
  14. မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ သို့တက်‌ရောက်ခြင်း
  15. တိုင်းရင်းဆေးတက္ကသိုလ်တွင် Master Speciality and Ph.D သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
  16. ကျောင်းသား/သူများ ထမနဲထိုးပြိုင်ပွဲကျင်းပခြင်း
  17. တိုင်းရင်းဆေးတက္ကသိုလ် နံရံကပ်စာစောင်ဖွင့်ပွဲ နှင့် စကားရည်လုပွဲ အခမ်းအနားကျင်းပခြင်း
  18. ''လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကျင်းပပွဲတွင် တိုင်းရင်းဆေးတက္ကသိုလ် ပြခန်းခင်းကျင်းပြသခြင်း''
  19. ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် (၁၁/၂၀၂၂) မောင်/မယ် သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခြင်း
  20. “လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပခြင်း

 

Visitors

Today 78

Yesterday 116

Week 194

Month 2314

All 122721

Currently are 22 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.