Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

ယ‌နေ့ (26-6-2023)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းတွင် ကျင်းပပြုလုပ်သည့် ''(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအခမ်းအနား'' တွင် တိုင်းရင်းဆေးတက္ကသိုလ်မှ  ပါမောက္ခချုပ် ပါမောက္ခ‌ဒေါက်တာသိန်းဇော်လင်း ဦးဆောင်ပြီး တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ (၃၀)ဦး တက်‌ရောက်ခဲ့ပါသည်။

 

(၁၆.၆.၂၀၂၃)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဆေးပညာဌာနမှ ကထိက ဒေါ်သန္တာစိုးသည် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြှင့်စက်ချုပ်သင်တန်း (၂/၂၀၂၃) ကျောင်းသူ (၁၃) ဦးကို ‌မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မိုးရာသီတွင်ဖြစ်တတ်သောရောဂါငယ်များကိုမြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းကောင်းများ၊ဆေးဖက်ဝင်ကြပ်ထုပ်အကြောင်းသိကောင်းစရာအချက်များနှင့် အိမ်တွင်းသုံးမြစ်ချင်းပြီး တိုင်းရင်းဆေးနည်းများအကြောင်းကို အပြန်အလှန် ဆွေးနွေးပြီးအသိပညာပေးဟောပြောခဲ့ပါသည်။

 

 

 

(8-5-2023)ရက်နေ့မှ (10-5-2023)ရက်နေ့ထိ တိုင်းရင်းဆေးတက္ကသိုလ်၊ အခန်းအမှတ်(၂၀၂)တွင် Workshop on Research Methodology (2023) ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ၎င်းအလုပ်ရုံ‌ဆွေးနွေးပွဲ တွင် ဆေးဘက်နှီးနွယ်တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ/ဌာနမှူးများ၊ ChairPersons, Speaker, Facilitators, သင်တန်းသား/သူ (၃၀)ဦး နှင့် ‌လေ့လာသူများ ၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့၊ ညနေ(၃း၀၀)နာရီ အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ် အဆောက်အဦအတွင်းတွင် အန္တရာယ်ကင်း ပရိတ်တနားတော်များနာယူခြင်းအစီအစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကြွရောက်လာကြကုန်သော ဘုရားအမှူးရှိသော ဆရာတော်သံဃာတော်အရှင်မြတ်တို့က တက္ကသိုလ်ပရဝုဏ်အတွင်းပရိတ်တရားတော်များ လှည့်လယ်ရွတ်ဖတ်ကြပီးနောက် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဦးဝင်းဟန်၊ မော်ကွန်းထိန်း ဦးမြင့်အေး နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဌာနအသီးသီးမှ ဆရာ/မများ၊ ဝန်ထမ်းများက ပရိတ်တရားတော်များနာယူခြင်းနှင့် ရေစက်ချအနုမောဒနာတရားများ နာယူခဲ့ကြပါသည်။

 

၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နေ့လည် (၁း၀၀)အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၌ ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများအနက်မှ ကျောင်းသူ(၂၀)ဦးအတွက် မန္တ‌လေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း နှင့် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း တို့မှ အလှူငွေကျပ် သိန်း (၃၀) တိတိကို လှူဒါန်းပေးအပ်ရာ  တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

  1. မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ သို့တက်‌ရောက်ခြင်း
  2. တိုင်းရင်းဆေးတက္ကသိုလ်တွင် Master Speciality and Ph.D သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
  3. ကျောင်းသား/သူများ ထမနဲထိုးပြိုင်ပွဲကျင်းပခြင်း
  4. တိုင်းရင်းဆေးတက္ကသိုလ် နံရံကပ်စာစောင်ဖွင့်ပွဲ နှင့် စကားရည်လုပွဲ အခမ်းအနားကျင်းပခြင်း
  5. ''လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကျင်းပပွဲတွင် တိုင်းရင်းဆေးတက္ကသိုလ် ပြခန်းခင်းကျင်းပြသခြင်း''
  6. ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် (၁၁/၂၀၂၂) မောင်/မယ် သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခြင်း
  7. “လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပခြင်း
  8. ''(၁၁/၂၀၂၂)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပြခြင်း''
  9. “(၄၅)ကြိမ်မြောက်တိုင်းရင်းဆေးမိသားစု၏ မဟာဘုံကထိန်အလှူတော်”
  10. “မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် တွင် မျောက်ကျောက် (Monkeypox) ရောဂါ အကြောင်းဆွေးနွေး”
  11. ''(၄၂)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း''
  12. (၁၁)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်း
  13. "ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံသို့ သွားရောက်လေ့လာခြင်း''
  14. ''တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း''
  15. Fresher Welcome (5/2022) ကျင်းပခြင်း
  16. ၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့အန္တရာယ်ကင်းရွတ်ဖတ်ပူဇော်ပွဲ
  17. အ​အေးမိ၊ တုပ်​ကွေး၊ ဖျားနာ ကာကွယ်ဆေးလက်ဖက် ခြောက်ထုပ် များ ပေးဝေငှခြင်း
  18. Covid လူနာများ ​သောက်ရန် တိုင်းရင်း​ဆေးတက္ကသိုလ် ​ဆေးဝါး​ဗေဒ ဌာနက ​ဖော်စပ်ထုတ်လုပ်ထား​သော ဆေးလဘက်​ခြောက်
  19. Weekly internal(departmental) international journal reading
  20. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသန စာတန်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ

 

Visitors

Today 20

Yesterday 70

Week 90

Month 5536

All 49562

Currently are 11 guests and no members online

2023 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.