Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

၂၀၂၅ ခုနှစ် ဇွန် လ (၁၉) ရက်နေ့ နံနက် (၈း၃၀)အချိန် တွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၊ ကျင်းပပြုလုပ်သော Workshop on Basic Educational Science (2025) ဖွင့်ပွဲ အခမ်းအနားကို တိုင်းရင်းဆေးဝါးထုတ်လုပ် ရေးလုပ်ငန်း စက်ရုံ၊ ဧကရာဇ် ခန်းမတွင် ကျင်းပခဲ့ပါသည်။
ယင်းအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ ဌေးလွင်၊ တိုင်းရင်းဆေးတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဆေးတက္ကသိုလ် မန္တလေးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာဥမ္မာမြင့်သိန်း၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ်ကြီး၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းစက်ရုံ၊ စက်ရုံမှူး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဦးသာဝင်း နှင့် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခ/ဌာနမှူးများ၊ သင်တန်းသား/သူ(၃၀)ဦး နှင့် obsever (20)ဦး တို့တက်ရောက်ခဲ့ကြပါသည်။
Workshop on Basic Educational Science (2025) အခမ်းအနားကို ၂၀၂၅ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့မှ (၂၀)ရက်နေ့ထိ (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၏ (၁၅)ကြိမ်၊ (၁၆)ကြိမ်နှင့် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ(၂၁)ရက်နေ့         နံနက်(၉:၀၀)နာရီ အချိန်၌ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပါသည်။

    မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့၊ မြန်မာ့ တိုင်းရင်းဆေးပညာဘွဲ့များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေး အဖွဲ့က ကြေညာခြင်းခံရသူများအား တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက ဘွဲ့များအပ်နှင်းခဲ့ပါသည်။ 

(၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ M.M.T.M (Master of Myanmar Traditional Medicine) ဘွဲ့ရရှိသူ (၁၀) ဦး၊ မြန့်မာတိုင်းရင်းဆေးပညာဘွဲ့ (ပုံမှန်) B.M.T.M (Bachelor of Myanmar Traditional Medicine) ဘွဲ့ရရှိသူ (၆၄) ဦးနဲ့ မြန်မာ့တိုင်းရင်းဆေး ပညာ (ပေါင်းကူး) သင်တန်းမှ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ B.M.T.M (Bachelor of Myanmar Traditional Medicine) ဘွဲ့ရရှိသူ (၂၃) ဦး၊ (၁၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မြန်မာ့တိုင်းရင်းဆေး ပညာမဟာဘွဲ့ M.M.T.M ဘွဲ့ရရှိသူ (၁၃) ဦး၊ မြန့်မာတိုင်းရင်းဆေးပညာဘွဲ့ (ပုံမှန်) B.M.T.M ဘွဲ့ရရှိသူ (၁၃) ဦးနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ (ပေါင်းကူး) သင်တန်းမှ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ BMTM ဘွဲ့ရရှိသူ (၂၄) ဦး၊ (၁၇) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့ M.M.T.M ဘွဲ့ရရှိသူ (၂၇) ဦး၊ မြန့်မာတိုင်းရင်းဆေးပညာဘွဲ့ (ပုံမှန်) B.M.T.M ဘွဲ့ရရှိသူ (၃၀) ဦးနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ (ပေါင်းကူး) သင်တန်းမှ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ B.M.T.M ဘွဲ့ရရှိသူ (၈) ဦး၊  (၃) ကြိမ်ပေါင်း စုစုပေါင်း (၂၁၂) ဦးတို့အား ဘွဲ့အပ်နှင်း ချီးမြှင့် ပေးအပ်ခဲ့ပါသည်။

   ယခုဘွဲ့နှင်းသဘင် အပါအဝင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမှ မွေးထုတ်ပေးလိုက်‌သည့် မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ရ တိုင်းရင်းဆေးပညာရှင်ပေါင်း (၁၈၁၀) ဦးရှိခဲ့ပြီး၊ မြန်မာ့ တိုင်းရင်းဆေးပညာမဟာဘွဲ့ (၁၂၇)ဦးတို့ကို အောင်မြင်စွာ လေ့ကျင့်ပျိုးထောင် ဘွဲ့အပ်နှင်းပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၏ (၁၅)ကြိမ်မြောက်၊ (၁၆) ကြိမ်မြောက်နှင့် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားကို ၂၀၂၅ခုနှစ်၊ မတ်လ (၂၀)ရက်၊ ကြာသပတေးနေ့၊ နံနက် (၉)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၅ ခုနှစ် မတ်လ (၃) ရက်နေ့ နေ့လယ် (၂း၀၀)နာရီ အခန်းအမှတ်(၁၀၇)၌ တိုင်းရင်းဆေးတက္ကသိုလ် ကွန်ပျူတာဌာနတွင် ဖွင့်လှစ်သင်ကြားခဲ့သော "ရုံးလုပ်ငန်း အသုံးချကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနား" ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနား တွင် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် ဦးတင့်လွင် ၊ မော်ကွန်းထိန်း ဦးမြင့်အေး၊ ပါမောက္ခ/ဌာနမှူးများ၊ ဌာနတာဝန်ခံများ၊ သင်တန်းသူ(၁၀)ဦး တို့ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ ပါမောက္ခဒေါက်တာသိန်းဇော်လင်း က သင်တန်းဆင်းပွဲ အမှာစကားပြောကြားပီး သင်တန်းသူတစ်ဦးက သင်တန်းသူများ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပီး ဆင်းပွဲအခမ်းအနား (၃း၀၀)အချိန်တွင် ပြီးမြောက်ပါသည်။

(၁၅-၂-၂၀၂၅) ရက်နေ့ နံနက် (၉:၀၀)နာရီ အခန်းအမှတ်(၂၀၂) တိုင်းရင်းဆေးတက္ကသိုလ် တွင် CTME Programme ကျင်းပပြုလုပ်ခဲ့ပါသည်။  ယင်းအစီအစဉ်တွင် သဘာပတိများအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ၊ ပါမောက္ခဝင်းနိုင်၊  ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ မန္တလေး၊ ဆေးရုံအုပ်ကြီး၊ ဒေါ်မိုးသီတာဝင်း တို့က  ဆောင်ရွက်ပြီး  တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးပညာဌာန၊ ကထိက၊ ဒေါ်သီတာဦး  "နက္ခတ် (၂၇)လုံးနှင့် လူသားတို့၏ ကျန်းမာရေးအခန်းကဏ္ဍ“ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  နည်းပြ၊ ဒေါ်မြသီတာစိုး က  “ဂေါက် အဆစ်ရောင်ရောဂါ (Vatarakta) အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ဆွေးနွေးခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဦးတင့်လွင်၊  ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခဌေးလွင်၊ တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီး ဒုတိယတိုင်းဦးစီးဌာနမှူး၊ ဒေါ်ချိုသဲလတ် (တိုင်းဦးစီးမှူးတာဝန်)၊ ပါမောက္ခ/ဌာနမှူးများ ၊  မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်းမန္တလေး ဒုတိယဥက္ကဋ္ဌ ဦးသင်း၊ နှင့် ကထိက/ဌာနမှူးများ၊ တိုင်းရင်းဆေးနှီးနွယ်ဌာနများမှ ဆရာ/မများ၊ ပြင်ပမှ တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသူများ ကျောင်းသား/သူများ တက်ရောက်ခဲ့ရာ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးပီး အစီအစဉ်ကို (၁၂)နာရီ တွင် ပြီးမြောက်ပါသည်။  ၎င်းအခမ်းအနားအစီအစဉ်တွင် ဦးသန့်စင်ထွန်း+ဒေါ်ခိုင်စံပယ်၊ မင်းမြန်မာ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမိသားစု  ဖြူးမြို့  က ကူညီပံ့ပိုးထားပါသည်။

  1. “ထမနဲထိုးပြိုင်ပွဲ ကျင်းပခြင်း”
  2. "11/2024 Traditional Medicine, Medical Year I မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပ"
  3. "CTME Progrmmme အခမ်းအနားကျင်းပခြင်း''
  4. " တတိယနှစ် ကျောင်းသား/သူများ ဆေးဖက်ဝင်ဆေးပင်များ လေ့လာရှာဖွေခြင်း"
  5. "ပါရဂူဘွဲ့သင်တန်းအပတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း”
  6. ''အလုပ်သင်ဆရာ၊ဆရာမများ ဘွဲ့ကြိုသုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပခြင်း"
  7. “တိုင်းရင်းဆေးပညာ လေ့ကျင့်သင်ကြားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ အခမ်အနားကျင်းပ”
  8. “9th Ayurveda Day အခမ်းအနားကျင်းပခြင်း”
  9. ''Accreditation and Certification ကဏ္ဍ၏ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း''
  10. ''CTME Progrmmme အခမ်းအနားကျင်းပခြင်း''
  11. “မောင်/မယ် သစ်လွင်ကြိုဆိုပွဲ နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ’’
  12. ''တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတွင် အလုပ်သင်တာဝန်ပေးအပ်ပွဲကျင်းပခြင်း''
  13. "တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစာအုပ်များ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား"
  14. တိုင်းရင်းဆေးတက္ကသိုလ်ကွင်းဆင်းဆေးကုခြင်းနှင့် သုတေသနစစ်တမ်းကောက်ခြင်း
  15. ''မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း စက်ရုံ(GMP)သို့ သွား‌ရောက်လေ့လာခြင်း''
  16. ‘’ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)သို့ ဆေးဖက်ဝင်ဆေးပင်များ သွားရောက်လေ့လာခြင်း’’
  17. တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးရာ တိုင်းရင်းဆေးတက္ကသီလာ
  18. ''ပညာသင်ထောက်ပံ့အလှူငွေပေးအပ်ပွဲ အခမ်းအနား''
  19. (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအခမ်းအနား
  20. ‌မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲအခမ်းအနား

 

Visitors

Today 78

Yesterday 116

Week 194

Month 2314

All 122721

Currently are 19 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.