Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင်  (၄၈)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု မဟာဘုံကထိန် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား ကို  မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့နယ်၊ နောင်ဝယ်ကျေးရွာ၊ တိကိစ္ဆာလယဓမ္မဝိဟာရ ကျောင်းတိုက်၊ ဦးစီးဓာန နာယက ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာရ အမှူးရှိသော ဂေါစရကံဆောင်ပင့်သံဃာ (၁၅)ပါးတို့အား ကထိန်ဉာတ်သင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့နှင့်အတူ ကျပ်သိန်းပေါင်း (၁၂၇)သိန်းကို တိုင်းရင်းဆေးမိသားစုများက  ရေစက်သွန်ချ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

(၂၆-၉-၂၀၂၅)ရက်နေ့ နံနက် (၇း၀၀) နာရီ တွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး  ၂၀၂၅ ပညာသင်နှစ်  တတိယနှစ် ကျောင်းသား/သူများ၏ သင်ရိုးညွှန်းတမ်းပါ အရ ဆေးဖက်ဝင်ဆေးပင်များ သုတေသနပြုကွင်းဆင်း လေ့လာခြင်းခရီးစဉ်ကို FAME Organic Pharming project  သို့ ဦးစွာပထမ သွားရောက်လေ့လာခဲ့ရာ FAME  မှ တာဝန်ရှိ သူများ က Organic Farm ဆေးဖက်ဝင်အပင်များကို အော်ဂဲနစ် နည်းပညာဖြင့် စိုက်ပျိုးခြင်း နည်းပညာများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာ ကျောင်းသား/သူများက သိလိုသည့် မေးမြန်းချက်များ ဖြေကြားပြီး ကျောင်းသား (၁)ဦးက ကျေးဇူးတင်စကား ပြောကြားကာ အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပါသည်။ 

ဆက်လက်ပြီး နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) ရုံးခွဲသို့ လေ့လာရေး ခရီးစဥ် သွားရောက်လေ့လာရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းပပနိုင် နှင့် ညွှန်ကြားရေးမှူး ဒေါက်တာမိုးကျော်မြင့်နှင့် ဌာနမှူးများနှင့် ဆရာ/မများကကြိုဆိုကြပီး ဦးစီးဌာန ၏ ဖွဲ့စည်းပုံ ၊ ဌာနအသီးသီးဆောင်ရွက်ချက်များ အသေးစိတ်အား ရှင်းလင်းတင်ပြပြီးနောက် ကျောင်းသူကျောင်းသားများကိုယ်စား ကျောင်းသား(၁)ဦးမှ ကျေးဇူးတင်စကားနှင့် အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြပါသည်။

အစီအစဉ်အရ ကျောင်းသား/သူများအား အုပ်စု(၄)စုခွဲကာ ဆေးဖက်ဝင်ဆေးပင်များ သုတေသနပြုလုပ်ခြင်းများအတွက် သုတေသန ဓာတ်ခွဲခန်းများ၊ စာကြည့်တိုက်၊ ပရဆေးဥယျာဉ် တို့ အား အသေးစိတ် လိုက်လံရှင်းပြခဲ့ကြပြီး လေ့လာကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းလေ့လာခဲ့ကြပါသည်။

 ယင်းလေ့လာရေးခရီးစဉ်တွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ပါမောက္ခဌေးလွင်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒေါက်တာမြင့်မြင့်သန်း၊ ဆေးဝါးဗေဒဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခသန္တာခိုင်၊ ဒုတိယညွှန်ကြားရေးမှူး၊ ‌ဒေါက်တာခင်တာရာမြင့်၊ သုတေသနမှူး ‌ဒေါ်မျိုးသီတာအေးနှင့် ကြီးကြပ်ဆရာ/မများ၊ ကျောင်းသား/သူများ (၁၁၀)ဦးတို့ သွားရောက် လေ့လာခဲ့ကြပါသည်။

 

ယနေ့ (၂၄-၉-၂၀၂၅) ရက်နေ့တွင် တိုင်းရင်းဆေးတက္ကသိုလ် ကွန်ပျူတာဌာနမှ Year I သင်တန်းတွင် AI and Digitalization သင်ရိုးညွှန်းတမ်းအရ student Assessment အဖြစ် "Powerpoint Presentation skill Competition" ကို အုပ်စု(၅)ခုဖြင့်ပြုလုပ်ခဲ့ရာ Group (I) "AI ကိုအသုံးပြုပြီး တိုင်းရင်းဆေးပညာ သုတေသနအချက်အလက်များချပြခြင်း" Group(II) "AI vision နည်းပညာကိုသုံးပြီး  ဆေးပင်အမျိုးအစား ခွဲခြားခြင်း" Group III "AI အနာဂါတ်နဲ့ တိုင်းရင်းဆေးပညာ " Group(IV) "တိုင်းရင်းဆေးပညာ အခြေခံသင်ခန်းစာများကို AI နဲ့ အလိုအလျောက်သင်ကြားပေးခြင်း” Group(V)"AI နဲ့ တိုင်းရင်းဆေးပညာ ဗဟုသုတ စုဆောင်းခြင်း" စသော ခေါင်းစဥ်များဖြင့် အုပ်စု အသီးသီးယှဥ်ပြိုင်ခဲ့ကြပီး ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ယင်းအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခဌေးလွင်၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာမြင်မြင့်သန်း၊ မော်ကွန်းထိန်း ဦးမြင့်အေး၊ အကဲဖြတ် အမှတ်ပေး Judge ဆရာမများ နှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၏ သင်ရိုးညွှန်းတမ်းပါ အစီအစဉ်အရ စတုတ္ထနှစ်ကျောင်းသား/သူများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ လက်ပံကုန်း ကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာနှင့် နောင်ဝယ်ကျေးရွာများသို့ ကွင်းဆင်းဆေးကုသခြင်းနှင့် ပြည်သူ့ဘဝလေ့လာရေး၊ သုတေသန စစ်တမ်းကောက်ယူရေး ခရီးစဉ် သွားရောက် ခဲ့ရာ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးဌာန အောက်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အင်အား (၇၀) ဦးတို့က ကျေးရွာနေပြည်သူလူထု လူနာ စုစုပေါင်း (၁၈၀) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကုသမှုပေးကြပါသည်။

 

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ နေ့လယ် (၁၂:၀၀) အချိန် ၌ တိုင်းရင်းဆေးတက္ကသိုလ်နှင့် ဖူးကျင့် နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်း (FITC)တို့ ပူးပေါင်း၍ တရုတ်စကားပြော(အခြေခံ) သင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။   အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းနှင့် ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ/ဌာနမှူး များ၊ မန္တလေးမြို့ရှိ တရုတ်ဘုံကျောင်း ဥက္ကဋ္ဌများ၊ မော်ကွန်းထိန်း ဦးမြင့်အေးနှင့် ကထိက/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ပါသည်။ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် မိမိတို့တက္ကသိုလ်တွင် ယခုမှ စတင်ဖွင့်လှစ်ခြင်းမဟုတ်ကြောင်း၊ ၂၀၁၅ ခုနှစ်ကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွါးခင်ထိ အပတ်စဉ်များစွာ ဖွင့်လှစ်ပေးခဲ့ဘူးကြောင်း၊ အင်္ဂလိပ်စကား၊ တရုတ်စကားစသည့် နိုင်ငံတကာသုံး ဘာသာစကားများ တတ်မြောက်ထားခြင်းဖြင့် မိမိတို့ တိုင်းရင်းဆေးပညာကို ပိုမိုနက်ရှိုင်းစွာ လေ့လာနိုင်သလို တရုတ်နိုင်ငံတွင် ဘွဲ့လွန်သင်တန်းများ ဆက်လက်သင်ယူနိုင်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် FITC ကျောင်း၏ ဂုဏ်ထူးဆောင် ကျောင်းအုပ်ကြီး ဒေါက်တာဆက်တီ က တိုင်းရင်းဆေးတက္ကသိုလ်နှင့် ၎င်းတို့ကျောင်း၏ ပူးပေါင်း ဆောင်ရွက်ခဲ့မှု သမိုင်းကြောင်း၊ သင်တန်းဆင်း တိုင်းရင်းဆေးဆရာများ၏ အောင်မြင်မှုများကို အသေးစိတ်ပြောကြားရှင်းလင်းခဲ့ပါသည်။ ထို့နောက် သင်တန်းဆရာမ ဒေါ်စန်းစန်းဝင်းက သင်တန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ သင်တန်းဖွင့်ပွဲ ကို (၁၂:၄၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အပတ်စဉ် (စနေ၊ တနင်္ဂနွေနေ့)ရက်များတွင် သင်ကြားပြီး အောက်တိုဘာလလယ်ထိ ဆက်လက်သင်ကြားမည်ဖြစ်ပီး သင်တန်းသား/သူ (၁၃၇)ဦး တက်ရောက်ကြမည်ဖြစ်သည်။

  1. “တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး (၁၅) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခြင်း”
  2. “Interprofessional Education (IPE) Day Activities ကျင်းပခြင်း”
  3. "၂၀၂၅ခုနှစ် ပါမောက္ခချုပ်ဖလား ကျောင်းသားအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပခြင်း"
  4. ''၂၀၂၅ခု ပါမောက္ခချုပ်ဖလား ကျောင်းသားအားကစားပြိုင်ပွဲ ကျင်းပခြင်း''
  5. ''တိုင်းရင်းဆေးမိသားစု၏ (၄၆)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား''
  6. Basic Educational Science Workshop (2025) ကျင်းပခြင်း
  7. "တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၏ (၁၅)ကြိမ်၊ (၁၆)ကြိမ်နှင့် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ"
  8. "တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၏ (၁၅)ကြိမ်မြောက်၊ (၁၆) ကြိမ်မြောက်နှင့် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ခြင်းအခမ်းအနား"
  9. "ရုံးလုပ်ငန်း အသုံးချကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနား"
  10. 'CTME Progrmmme အခမ်းအနားကျင်းပခြင်း''
  11. “ထမနဲထိုးပြိုင်ပွဲ ကျင်းပခြင်း”
  12. "11/2024 Traditional Medicine, Medical Year I မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပ"
  13. "CTME Progrmmme အခမ်းအနားကျင်းပခြင်း''
  14. " တတိယနှစ် ကျောင်းသား/သူများ ဆေးဖက်ဝင်ဆေးပင်များ လေ့လာရှာဖွေခြင်း"
  15. "ပါရဂူဘွဲ့သင်တန်းအပတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း”
  16. ''အလုပ်သင်ဆရာ၊ဆရာမများ ဘွဲ့ကြိုသုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပခြင်း"
  17. “တိုင်းရင်းဆေးပညာ လေ့ကျင့်သင်ကြားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ အခမ်အနားကျင်းပ”
  18. “9th Ayurveda Day အခမ်းအနားကျင်းပခြင်း”
  19. ''Accreditation and Certification ကဏ္ဍ၏ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း''
  20. ''CTME Progrmmme အခမ်းအနားကျင်းပခြင်း''

 

Visitors

Today 78

Yesterday 116

Week 194

Month 2314

All 122721

Currently are 20 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.